ကျန်းမာခြင်းက လာဘ်တစ်ပါးမို့ ကျန်းမာဖို့ အလွန် အရေးကြီးပါတယ်။ အဲ့လိုပါပဲ ကျောက်ကပ် ရောဂါကလည်း ကြာလာတာနဲ့အမျှ လူကို ဆိုးရွားစွာ ထိခိုက်စေတာမို့ ကျောက်ကပ်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ကျောက်ကပ် ကာကွယ်ဖို့ အကောင်းဆုံးသော နည်းကတော့ ရေများစွာ သောက်ခြင်းပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါ ရှိ/ မရှိကို စောစီးစွာ သိစေနိုင်မဲ့ ရောဂါ လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခြေထောက်နှင့် လက်များ ရောင်ရမ်းတတ်ခြင်း

(၂) မျက်စိ မို့အစ်လာခြင်း

(၃) မျက်စိတစ်ဝိုက် ရောင်ရမ်းလာခြင်း

(၄) အသက်ရှု မဝခြင်း၊ အသက်ရှု ကြပ်ခြင်း

(၅) ပင်ပန်းနွမ်းနယ် လွန်းခြင်း (အလိုလိုနေရင်း ပင်ပန်းခြင်း၊ လှေကားထပ် တက်လျှင် သူများထက် ပိုပင်ပန်းတတ်ခြင်း)

(၆) ညပိုင်း မကြာခဏ ဆီးသွားလွန်းခြင်း

(၇) မကြာခဏ ဆီးသွားသော်လည်း ဆီးအနည်းငယ်သာ သွားခြင်း

(၈) အသက်ရှုလျှင် ဆီးအနည်းငယ် ထွက်ခြင်း

(၉) သွေးချိန်ပါက သွေးတိုးတက်ခြင်း

(၁၀) အစားအသောက်ပျက်ခြင်း

(၁၁) အရေပြား ဖြူဖျော့လာပြီး ခြောက်သွေ့ အက်ကွဲလာခြင်း … စသည်တို့ပဲ ဖြစ်ပါတယ်။

အရွယ်ရပြီးသား လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေမှာ ကျောက်ကပ်ရောဂါနဲ့ ပတ်သက်လို့ ဒီလို လက္ခဏာတွေ ပြတတ်ပြီး ကလေးတွေမှာတော့

- ပင်ပန်းနွမ်းနယ်သလိုဖြစ်ပြီး အိပ်ငိုက်နေသလိုမျိုး တွေ့ရခြင်း

- အစားအသောက် မစားချင် ဖြစ်ခြင်း

- ဖွံ့ဖြိုး ကြီးထွားမှု နောက်ကျခြင်း .. တို့ ဖြစ်တတ်ပါတယ်။

ကိုယ်တိုင်ဖြစ်စေ ကိုယ့်မိသားစုမှာဖြစ်စေ အထက်ဖော်ပြပါ အချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ နာတာရှည် ကျောက်ကပ် ဖြစ်နိုင်ခြေ များနေတာကြောင့် ကျောက်ကပ်ရောဂါ စစ်ကြည့်ဖို့နဲ့ ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ အကြံပေးချင်ပါတယ်။ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ။ 

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။