ပရိတ်သတ်တွေကိုအမြဲတမ်းဟာသဇာတ်ရုပ်လေးတွေနဲ့ တင်ဆက်ပေးလေ့ရှိတဲ့ပရိတ်သတ် အချစ်တော်ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အရိုင်းရဲ့သမီးလေးဟာ ကိုးတန်းစာမေးပွဲကို A အဆင့်နဲ့အောင်မြင်ခဲ့ပြီး ဂုဏ်ထူးငါးဘာသာနဲ့ ထူးချွန်ထက်မြက်စွာ အောင်မြင်ခဲ့တာပဲဖြစ်ပါ တယ်။ ပညာဂုဏ်တွေနဲ့ မိဘကျေးဇူးကို တစိတ်တပိုင်းဆပ်လိုက်နိုင်ပြီပဲဖြစ်ပါတယ်။ ဒီလို ထူးချွန်ထက်မြက်တဲ့သမီးလေး ကိုပိုင်ဆိုင်ထားတာဖို့ ဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူတို့ကတော့ ဝမ်း သာဂုဏ်ယူမဆုံးဖြစ်နေမှာ အသေအချာ ပါပဲ။ အဖေတူသမီးလေးဖြစ်တာမို့ ငယ်စဉ်ကလေး ဘဝတုန်းက ကလေးသီချင်းခွေထဲမှာ အဆိုတော် အေသင်ချိုဆွေသီဆိုထားတဲ့ “ တင်း တယ် ” ဆိုတဲ့သင်္ကြန်သီချင်းလေးကို သီဆိုထားပါသေးတယ်။

အခုဆိုရင် ကိုးတန်းကျောင်းသူအရွယ်ကိုရောက်ရှိလာပြီဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်း သူလေး အဖြစ်နဲ့ မိဘတွေကိုမျက်နှာပန်းလှစေခဲ့သူလေးဖြစ်ခဲ့ပါပြီ။ ကိုးတန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့လို့ အထက်တန်းပညာရေးရဲ့ပန်းတိုင်ဖြစ်တဲ့ ဆယ်တန်းစာမေးပွဲကို လည်း ဘယ်လိုတွေထူးချွန်ထက် မြက်စွာ ဖြတ်ကျော်နိုင်မလည်းဆိုတာ မိဘတွေရော ပရိတ် သတ်တွေကပါ မျှော်လင့်နေကြမှာ အသေ အချာပါပဲ။ ကျောင်းစိမ်းအင်္ကျီလေးကို ဝတ် ဆင်ပြီး ထူးချွန်ဆုတွေကို စင်ပေါ်မှာဂုဏ်ယူဝင့်ကြွားစွာ တက်ယူနေတဲ့သူမရဲ့ ပုံရိပ်လေး  ကြောင့် မိဘတွေရဲ့ရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ကြည်နူးနေမှာ အသေအချာပါပဲ။

မိဘကျေးဇူးကိုအမျိုးမျိုးအဖုံဖုံနဲ့ ပေးဆပ်နေကြတာတွေထဲကမှ အရိုင်းရဲ့ချစ်စဖွယ်သမီးလေး Pinky လေးကတော့ ပညာရေးနဲ့ပက်သက်ပြီး မိဘတွေကိုမျက်နှာပန်းလှစေခဲ့သူပဲဖြစ်ပါ တယ်။ ရှေ့ဆက်မယ့် ဘဝမှာလည်း ထူးချွန်ထက်မြက်ပြီး အောင်မြင်ကျော်ကြားတဲ့ အမျိုး ကောင်းသမီးလေးတစ်ဦးဖြစ်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ကလေးရေ။ သရုပ်ဆောင် အရိုင်းရဲ့ ထူးချွန်ထက်မြက်တဲ့ သမီးလေးရဲ့ ထူးချွန်ဆုယူနေပုံတွေကို ပရိတ်သတ်ကြီးမြင်တွေ့ နိုင်အောင် တင်ဆက်ပေးလိုက်ပြီနော်။

Source – Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။