အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးတွေထဲမှာ မယ်လိုဒီ လည်းပါဝင်ပါတယ်။ "ထာဝရအလင်းတန်းများ" ဇာတ်ကားကြီးနဲ့ ထိုက်ထိ်ုက်တန်တန် အကယ်ဒမီဆုကိုဆွတ်ခူးရရှိခဲ့တဲ့ အကယ်ဒမီမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အနုပညာလောကမှ ခဏအနားယူခဲ့တဲ့ မယ်လိုဒီကတော့ လက်ရှိမှာ သူမချစ်တဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သားလေးမွေးပြီး ဝိတ်တက်ခဲ့ပေမယ့် Gym ဆော့ပြီး ကိုယ်ခန္ဓာထိန်းသိမ်းမှုတွေ ပြန်လုပ်ပြီး ယခုချိန်မှာတော့ အရင်ကထက်တောင်ပိုလှလို့နေပါတယ် ပရိသတ်ကြီးရေ။ ယခုလတ်တလောမှာတော့ လူမှုစာမျက်နှာနဲ့ အွန်လိုင်း မီဒီယာတွေထက်မှာ မယ်လိုဒီရဲ့ ပန်းရောင်ဝတ်စုံလေးနဲ့ လှနေတဲ့ဓာတ်ပုံတွေကတော့ နာမည်ကြီးလို့နေပါတယ်။

မယ်လိုဒီဟာ Crown မဂ္ဂဇင်းရဲ့ ပွဲတစ်ခုကိုတက်ရောက်ခဲ့တာဖြစ်ပြီး သူမရဲ့ လူမှုစာမျက်နှာမှာတော့ ယခုလို "မနေ့ညနေက Mr. & Mrs. Crown မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်..

သရဖူ မဂ္ဂဇင်းရဲ့ပွဲတွေမှာ မကြာခဏ ပါဝင်ကူညီခွင့်ရတဲ့အတွက် အန်တီနန်းနဲ့ သရဖူမိသားစုများအားလုံးကို ကျေးဇူးတင်ပါတယ်..

ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ မောင်လေးတွေ ညီမလေးတွေအားလုံး အနုပညာပန်းခင်းကြီးထဲမှာ အောင်မြင်ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ..

အားလုံးပဲ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်စုံကြပါစေရှင့်..." ဆိုပြီး မိုးကုတ်ပေါက်ပေါက်ရဲ့ ဝတ်စုံလေးနဲ့ ပွဲတက်ခဲ့ပါတယ် ပရိသတ်ကြီးရေ....

Source: Actress Melody

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။