ပရိတ်သတ်အသည်းကျော်လေးတစ်ဦးဖြစ်တဲ့ မအေးသောင်းကတော့ အလှူလုပ်ဖို့ စီစဉ်နေ ပါပြီ။ သူမကိုချစ်တဲ့ သူမကချစ်ရတဲ့ ပရိတ်သတ်တွေနဲ့ပေါင်းစုပြီး အလှူလေးတစ်ခုလုပ် မယ်လို့သိရပါတယ်။ သူမဟာလက်ရှိမှာတော့ ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ကို Samsung Quiz Show Myanmar ပွဲအတွက် ရောက်ရှိနေတာဖြစ်ပါတယ်။ သူမရဲ့အမဖြစ်သူ နှင်းဝတ်ရည် သောင်းနဲ့အတူ ညီအမနှစ်ယောက် အနုပညာလောကထဲကိုခြေချခဲ့ပြီး ပရိတ်သတ်အသိ အမှတ်ပြုခြင်းခံရတဲ့ ညီအမနှစ်ယောက်ဖြစ်ခဲ့ပါတယ်။ အချိန်အတိုင်းအတာတစ်ခုထိ အနု ပညာ လောကမှ ပျောက်ကွယ်သွားခဲ့ပြီး ပြန်လည်ဝင်ရောက်လာချိန်မှာတော့ အသက်သုံး ဆယ် ကျော်အရွယ်အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ ကျက်သရေရှိတဲ့ အလှအပ တွေကို ပိုင်ဆိုင် ထားသူအဖြစ်နဲ့ ပရိတ်သတ်တွေအသိအမှတ်ပြုခြင်းကို ထပ်မံရရှိခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးနေပြီး အနုပညာလောကမှာ ပြန်လည် အောင်မြင်နေသူ ကတော့ မအေးသောင်းဖြစ်ပြီး သူမရဲ့အမဖြစ်သူ နှင်းဝတ်ရည်သောင်းက တော့ အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပြီး အေးချမ်းတဲ့ဘဝတစ်ခုကို အဆင်ပြေပြေ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ မအေးသောင်းရဲ့အလှူလေးကတော့ ခရစ္စမတ်နေ့မှာ ပြု လုပ်မှာဖြစ်ပြီး မီးဘေးဒဏ်သင့်ခဲ့ရတဲ့ ကြို့ ပင်ကောက်မြို့မှာရှိတဲ့ သင်္ခရိုင်မိဘမဲ့ကျောင်း လေးအတွက်ပဲဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေလုပ်တဲ့ စာရေးဆရာမ ခင်နှင်းကြည်သာ မှတဆင့်လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။ မွန်မြတ်သန့်စင်တဲ့ အလှူလေးမို့ သာဓုခေါ် ပါတယ် မအေးသောင်းရေ။

မအေးသောင်းကတော့ သူမရဲ့ Facebook မှာ Follower ၁ သန်းရှိရင် ၁ သန်းလှူမယ်။ ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့မှာ ကြိူ့ပင်ကောက်မြို့ သင်္ခရိုင်မိဘမဲ့ကျောင်းလေး မီးဘေးသင့်ခဲ့ တဲ့အတွက် ညီမလေး ခင်နှင်းကြည်သာမှတဆင့်လှူမှာပါ။ ပေါက်စီမှာရှိတဲ့အမျိုးတွေ တကျပ်စီပေါင်းလှူကြမှာမို့ တစ်ယောက် ချင်းစီတိုင်းပါဝင်ပြီးသားပါနော်။ ရေစက်ဆုံကြတာ ပေါ့ရှင့်ဆိုပြီးရေးထားတာဖြစ်ပါတယ်။ ပရိတ်သတ် ကြီးတွေထဲမှာလည်း ကျောင်းလေး အတွက်လှူချင်တဲ့သူများရှိရင် မအေးသောင်းနဲ့အတူတူ ကုသိုလ်ယူကြဖို့ တိုက်တွန်းလိုက် ပါတယ်နော်။

Source – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။