သစ်သီးဖျော်စက်ကို အသုံးပြုပြီးလျှင် သန့်ရှင်းစွာ ဆေးကြောဖို့လည်း လိုအပ်သလို ခြောက်သွေ့အောင် ထားဖို့လည်း လိုအပ်ပါတယ်။ ထိုသို့ မပြုလုပ်ပါက ၀မ်းပျက်ဝမ်းလျောဖြစ်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြသနာတွေပါ ဖြစ်စေတတ်ပါတယ်။ သစ်သီးဖျော်စက် အထဲတွင် ပါရှိတဲ့ ဓားသွားများကြောင့် ဆေးကြော သန့်စင်ရတာတော့ အနည်းငယ် ခက်တယ်လို့ ထင်နိုင်ပါတယ်။ ဒါ့ကြောင့် လွယ်ကူပြီး ထိရောက်လှတဲ့ သစ်သီးဖျော်စက်ကို သန့်ရှင်းဆေးကြောနည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ 

ဆေးကြောနည်း

- သစ်သီးဖျော်စက် (Blender) ထဲကို ပန်းကန်ဆေးရည် ဆေးဆပ်ပြာရည် အနည်းငယ်ထည့်ပါ။

- ထို့နောက် ရေနွေးနွေးလေးကို သစ်သီးဖျော်စက် Blender တစ်ဝက်ခန့် ထည့်ပါ။

- သစ်သီးဖျော်စက် ခလုတ်ကိုနှိပ်ပြီး စက်ထဲရှိ အရည်များကို သွန်ပစ်လိုက်ပါ။

- ဆပ်ပြာရည်များ ပြောင်စင်သည်အထိ ရေများထည့်၍ လှုပ်ခါပြီး သေချာ ဆေးကြောပါ။

- သစ်သီးဖျော်စက် Blender နှုတ်ခမ်းသားများကို ဆပ်ပြာရည်များ၊ အနံံ့များ ကုန်စင်သည်အထိ ဆေးကြော သန့်စင်ပါ။ 

လွယ်ကူပြီး ထိရောက်လွန်းတာကြောင့် သစ်သီးဖျော်စက် Blender ကို ဖော်ပြပါအတိုင်း သန့်ရှင်းဆေးကြောပေးသင့်ပါတယ်။ သစ်သီးဖျော်ရည်တွေက ကျန်းမာရေးကို အထောက်အကူ များစွာ ပေးသော်လည်း သန့်ရှင်း လတ်ဆတ်မှုမရှိလျှင် ဆိုးကျိုးကို ဖြစ်စေနိုင်တာကြောင့် ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီနည်းလေးက လွယ်ကူပြီး ထိရောက်လွန်းတာမို့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးလိုက်ပါဦးနော် ။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။