ကိုရီးယားမငျးသား Seung-heon Song ကတော့ မြန်မာနိုင်ငံမှာ ဂျွန်စောဆိုပြီးလူသိများပါတယ် ။ သူ့ပရိတ်သတ်တွေလဲ အများကြီးပါပဲ ။ သူနဲ့ အတူ ရုပ်ရှင်တွဲရိုက်ဖူးတဲ့ မြန်မာ မော်ဒယ်မလေးတစ်ယောက် မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတာလည်း သိတဲ့သူတွေတော့ သိကြပါတယ် ။ 

သူကတော့ မိုးကုတ်သူလေးဖြစ်တဲ့ စန္ဒာလင်း ( Yang Yang ) ပါ ။ မြန်မာမှာ ကူးကူးလို့ လူသိများတဲ့ တရုတ်နာမည်ကြီးမင်းသမီး Liu Yi Fei နဲ့ မင်းသား Seung-heon Song တို့ခေါင်းဆောင်ပါ၀င်တဲ့ The Third Way of Love ဆိုတဲ့တရုတ် ဇာတ်ကားမှာ မစန္ဒာလင်းကလည်း ဇာတ်ပို့မင်းသမီးတစ်ဦးအဖြစ် ပါ၀င်ခဲ့တာပါ ။ 

အဲဒီကားကြည့်ဖူးတဲ့သူတွေဆို ဒီမင်းသမီးလေးကို မှတ်မိကြလိမ့်မယ်ထင်ပါတယ် ။ မော်ဒယ်တစ်ဦးဖြစ်ရုံတင်မက ဒီဇိုင်းနာလဲဖြစ်တဲ့ သူမရဲ့ အလန်းစားဆောင်းတွင်းဖက်ရှင်စတိုင်တွေကို မျှဝေပေးလိုက်ပါတယ် ပရိတ်သတ်ကြီးရေ ...  

သတင်းအရင်းမြစ် Sandar lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။