အချိန်ကို စီမံခန့်ခွဲတတ်ဖို့လည်း အရေးကြီးပါတယ်။ အလုပ်လုပ်ရင်း အချိန်မလောက်တဲ့ ပြသနာကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ တစ်နေ့တာရဲ့ အချိန်ကို စီမံခန့်ခွဲနိုင်မှသာ အလုပ်ပြီးမြောက် အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီလို အချိန်မလောက်တဲ့ ပြသနာအတွက် ကိုယ် ကိုယ်တိုင် ပြန်မေးရမဲ့့ မေးခွန်းလေးတွေလည်း ရှိပါတယ်။

၁) အဓိက အချိန်ကုန်ရတဲ့ အကြောင်းရင်းက ဘာလဲ

၂) အချိန်တွေကို စနစ်တကျ ထိထိရောက်ရောက် အသုံးပြုဖြစ်လား

၃) အရေးကြီးတဲ့ ကိစ္စတွေနဲ့ အလျင်လိုတဲ့ ကိစ္စတွေကို ဘယ်လိုခွဲမလဲ

၄) ဘယ်လိုကိစ္စမျိုးကို ဦးစားပေးဆောင်ရွက်ရမလဲ

ဒါတွေကို အတိအကျ အဖြေထွက်ပြီ ဆိုရင်တော့ အချိန်ကို စီမံခန့်ခွဲရတာ လွယ်ကူပါတယ်။ တကယ့်လို့များ တိတိကျကျ မသိသေးဘူး ဆိုရင်လည်း အရင်ကလို မဟုတ်ဘဲ အချိန်ကုန် သက်သာစေမဲ့ နည်းလမ်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ အချိန်ကို အလဟဿ ဖြစ်စေတဲ့ အကြောင်းအရင်းမှာ ကိုယ်တိုင် ထိန်းချုပ် ပြုပြင်လို့ ရမဲ့ ကိစ္စနဲ့ မရတဲ့ ကိစ္စ ဆိုပြီး ၂ မျိုး ရှိပါတယ်။

ကိုယ်တိုင် ထိန်းချုပ်ပြုပြင်လို့ ရတဲ့ ကိစ္စကတော့ - အလုပ်နှေးကွေးတာ၊ ကြိုတင်ပြင်ဆင်မှု မရှိတာ၊ လက်အောက် ၀န်ထမ်းတွေကို အလုပ်ခွဲပေးခြင်း မရှိတာ၊ အစီအစဉ် မရှိတာ၊ စနစ်ကျမှု မရှိတာ၊ လိုအပ်တဲ့ အရည်အချင်း/ ကျွမ်းကျင်မှု မလုံလောက်တာ … စတာတွေအတွက်တော့ ကိုယ်တိုင် ပြင်ဆင်လိုက်ရင် အချိန်ကုန် သက်သာစေပြီး အလုပ်ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။ 

ကိုယ့်ဘက်က အမှားအယွင်းမရှိ၊ ကြိုတင်ပြင်ဆင်ထားနိုင်သော်လည်း တခါတလေမှာတော့ ကြားဖြတ်ကိစ္စတွေ ၀င်လာတာ၊ မမျှော်လင့်ဘဲ ဧည့်သည်ရောက်လာတာ၊ တစ်ပါးသူ ကိစ္စတွေ ကူညီနေရတာ၊ မမျှော်လင့်ထားတဲ့ ပြသနာကို ရင်ဆိုင်ရတာ ….. စတဲ့ အဲ့လို အခက်အခဲ တွေနဲ့လည်း ရင်ဆိုင်ရတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာက ကိုယ် ဘာကြောင့် အချိန်ကုန်ရလဲ ဆိုတာကို ဆင်ခြင်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲဖို့နဲ့ အချိန်ကို အမှန်ကန်ဆုံး စီမံ ခန့်ခွဲဖို့ တိုက်တွန်းချင်ပါတယ်။ လုပ်စရာ ရှိတဲ့ အလုပ်တွေကို နေ့ည မဆိုင်းဘဲ ချက်ချင်း ထ လုပ်လိုက်တာကလည်း အချိန်ကို သက်သာစေမဲ့ အဓိက အကြောင်းအရင်းဖြစ်ပြီး အလုပ်တစ်ခု မလုပ်ခင် ကြိုတင် ပြင်ဆင်တာ၊ အစီအစဉ်ရေးဆွဲတာမျိုးကလည်း မဖြစ်မနေ ရှိသင့်တဲ့ အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီလို အကြောင်းအရာတွေကို သိရှိပြီဆိုရင်တော့ အလုပ်လုပ်နေရင်း အချိန်မလောက်တဲ့ ပြသနာကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရည်မှန်းချက်များအားလုံး အောင်မြင်ကြပါစေ ရှင် …. ။

သတင်းအရင်းအမြစ် - ဒေါက်တာ ခင်စန်းရီ (စီမံခန့်ခွဲမှု အမေးအဖြေများ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။