ဗီယက်နမ်ကိုထွက်ခွာသွားတဲ့မြန်မာယူ-21

မြန်မာဘောလုံးချစ်ပရိသတ်ကြီးအတွက်အားပေးရမယ့်

နောက်ထပ်ပြိုင်ပွဲထပ်လာပြန်ပါပြီ။ဒီနေ့ညနေမှာမြန်မာယူ-21

အသင်းဟာဗီယက်နမ်သတင်းစာဖိတ်ခေါ်ဖလားဝင်နွှဲဖို့

ဟနွိုင်းကိုထွက်ခွာသွားခဲ့ပါပြီ။မြန်မာယူ-21အသင်းကို

ဦးဆောင်သူကတော့မြန်မာတို့ရဲ့အချစ်တော်နည်းပြကြီး

ဦးကြည်လွင်ပါ။မြန်မာယူ-21ဟာမြန်မာ့လက်ရွေးစင်

အသင်းတွေထဲမှာအသင်းသစ်လို့ပြောလို့ရပြီးဦးကြည်လွင်က

အဲ့လိုအသင်းတွေကိုကိုင်ရာမှာထူးချွန်သူပါ။

မြန်မာယူ-21အသင်းဟာဗီယက်နမ် ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၁၉ အသင်း၊ ထိုင်း ယူ-၂၁ အသင်း၊ ယိုကိုဟားမား အသင်းတို့နဲ့ကန်ရမှာပါ။အုပ်စုပတ်လည်ကစား

ရမှာဖြစ်ပြီးအသင်းကောင်းတွေပဲမို့ ပွဲကြီးပွဲကောင်း

တွေကိုကြည့်မြင်ရမှာတော့အမှန်ပါပဲ။အုပ်စုထိပ်ဆုံး

နှစ်သင်းဟာဗိုလ်လုပွဲကစားရမှာဖြစ်ပြီး

အုပ်စုတတိယနဲ့စတုတ္ထအသင်းကတော့တတိယနေရာလုပွဲ

ကစားရမှာပါ။

မြန်မာယူ-23အသင်းထိုင်းမှာအခြေမလှဖြစ်နေချိန်မှာတော့

မြန်မာယူ-21ကတော့ပရိသတ်တွေမျှော်လင့်စရာဖြစ်လာမှာ

အသေအချာပါ။မစ္စတာဂတ်ကိုစိတ်ပျက်နေကြချိန်ဦးကြည်လွင်ဟာ

ပရိသတ်တွေအားထားစရာတစ်ခုဖြစ်လာမှာပါ။မြန်မာယူ-21

ဟာဒီပြိုင်ပွဲမတိုင်မီခြေစမ်းပွဲနှစ်ပွဲကစားထားပါတယ်။

မြန်မာယူ-23မနိုင်ခဲ့တဲ့မွန်ဂိုလီးယားကိုနှစ်ဂိုးတစ်ဂိုးနဲ့

အနိုင်ယူထားပြီးMNLညွှန့်ပေါင်းကိုတော့တစ်ဂိုးတစ်ဂိုး

နဲ့သရေကျထားပါတယ်။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။