သရုပ်ဆောင် ခင်လေးနွယ်ကတော့ KAY Fashion & Fabric House ကိုဖွင့်လှစ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမကို ဒီဇိုင်နာ မပုံ့ရဲ့လှပသေသပ်လွန်းတဲ့ မြန်မာဝတ်စုံများနဲ့အတူ အမြဲလိုလိုမြင်တွေ့နေရပါတယ်။ မြန်မာဝတ်စုံကြိုက်နှစ်သက်တဲ့ မိန်းခလေးတွေအတွက်တော့ သူမရဲ့ ဖတ်ရှင်ဒီဇိုင်းတွေကို နှစ်သက်သဘောကျမိမှာ အမှန်ပါပဲ ။ဒါကြောင့်  သူမရဲ႕မြန်မာဝတ်စုံဒီဇိုင်းဆန်းလေးများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီနေ့မှာတော့ ဒီဇိုင်နာမပုံ့လက်ရာနဲ့ KAY Fashion & Fabric House မှာရရှိနိုင်တဲ့ ပန်းပွင့်များပါတဲ့ Kashmir ပိတ်စကို စိမ်းပြာရောင် ဇာလေးနဲ့ တွဲဖတ်ကာ မြန်မာဝတ်စုံလေး ချုပ်ဝတ်ထားတဲ့ သူမကတော့ အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်။

ပန်းရောင်နဲ့ ခဲရောင်ပါတဲ့ ဘရိုကိတ်ဝမ်းစက်ကို လူငယ်ဆန်ဆန် အတွန့်အဖက်လေးတွေနဲ့ ဖန်တီးထားတဲ့ ဝတ်စုံလေးကလဲ သူမရဲ့လှပမှုကို ထင်ပေါ်စေပါတယ်။

အသားရောင်ဇာပေါ်မှာ နတ်ပြာရောင်အပွင့်များပါတဲ့ ဇာဖတ်ရှင်ဒီဇိုင်းကတော့ သူမနဲ့ အလိုက်ဖက်ဆုံးလို့ ဆိုနိုင်ပါတယ်။

မိန်းခလေးများအကြိုက် ပန်းရောင် ဝတ်စုံလေးလည်း ကြော့ရှင်းစွာ လှပလွန်းနေပြန်ပါတယ်။

ဒီဝတ်စုံလေးကတော့ kashmir ပိတ်စနဲ့ ချုပ်ထားတာလို့ဆိုပါတယ်။ သူမကတော့ ဒီဆိုင်လေးကိုဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်က အမျိုးအစား စုံလင်ပြီး ပစ္စည်းမှန်ဈေးမှန်တဲ့ ပိတ်စဆန်းများကို အလွယ်တကူ ရရှိစေချင်တာကြောင့်ပါလို့ ဆိုထားပါတယ်။

ဒါဆိုဒီဇိုင်းသစ်လေးတွေလဲရပြီမို့ မြန်မာဝတ်စုံလေးတွေ မြန်မြန်လေူ သွားချုပ်လိုက်တော့နော် ။

Source- Khin Lay Nwe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။