Miss Universe Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ မိုးစက်ဝိုင်ဟာ လက်ရှိမှာဆိုရင် နာမည်ကြီး မော်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်နေပြီပဲဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ “ ပက်ပက်စက်စက်ညို့ ” ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိတ် သတ်အားပေးမှု အပြည့်အဝရရှိ ထားတာပဲဖြစ်ပါတယ်။ သူမဟာ ယခင်ကလည်း သီချင်း MTV တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး “ ပက်ပက်စက်စက်ညို့ ” ဇာတ်ကားဟာ သူမရဲ့ ပထမ ဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး အကောင်းဆုံးကြိုးစား ပြင်ဆင်ပြီးမှ ရိုက်ကူးထားတာဖြစ် တယ်လို့ဆိုပါတယ်။

သူမဟာ ဒီနေ့မှာတော့စီးပွားအသစ်တစ်ခုကိုတရားဝင်ချဲ့ထွင်လိုက်ပြီပဲဖြစ်ပါတယ်။ Mozey အမည်နဲ့ Thanakha Face Mask လေးကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ သူမရဲ့ Face Mask လေးကို သဘောကျတဲ့လူတွေအများအပြားရှိနေကြပြီ ရောင်းအားကောင်းနေတဲ့ ထုတ်ကုန်လေးတစ်ခု ဖြစ်နေပါတယ်။ ဒီနေ့ကျင်းပတဲ့ ပွဲလေးအတွက် သူမရဲ့ Facebook မှာ Thanks everyone for coming . Appreciate your time for coming and your presence meant the world to me . အားလုံးအားလုံးပဲ ဒီနေ့အရမ်ဝန်းရံပေးကြတာ ကျေး ဇူးပါနော် ... ဆက်လက်ကြိုးစားပါ့မယ် . ကြုံတိုင်း ဝန်းရံပေးဦးနော်. ဆိုပြီးတင်ထားတာဖြစ်ပါ တယ်။

သူမရဲ့ပွဲကိုတက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေကလည်း မနည်းမနောပါပဲ။ မြိုင်မြိုင်ဆိုင်ဆိုင် လေးနဲ့ ဖြစ်မြောက်သွားတဲ့ပွဲလေးမို့ မိုးစက်တစ်ယောက် ပြုံးပျော်လို့နေပါတယ်။ အလှအပနဲ့ ပက်သက်တဲ့ ထုတ်ကုန်လေးတစ်ခုဖြစ်တဲ့ သနပ်ခါးရနံ့သင်းသင်းလေးနဲ့ Face Mask လေးကို ပရိတ်သတ်ကြီးလည်း ဝယ်ယူအားပေးလိုက်ကြပါဦးနော်။ မိုးစက်ရဲ့ပွဲအတွင်း ပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးကို ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo – Moeset Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။