ရုရှားနိုင်ငံ Norilskမြို့မှာရှိတဲ့ Daldykanမြစ်ရေတွေဟာ ရုတ်တရက် အနီရောင်တောက်တောက် ပြောသ်းသွားတာကြောင့် နေထိုင်သူအများစုကနေ ကမ္ဘာပျက်တော့မယ်လို့ ယူဆထားကြပါတယ်။

သူတိူ့ယူဆတာကလဲ အကြောင်းအရင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန်ကျမ်းစာမှာကော၊ ရှေးဟောင်းအီဂျစ်စာတွေမှာပါ ကမ္ဘာမပျက်ခင် မြစ်ပြင်တွေသွေးရောင်လွှမ်းရမယ်လို့ ပြောထားခဲ့လို့ပါ။ ရှေးဟောင်းကျမ်းစာတစ်ခုမှာ " ဘုရားသခင်ရဲ့လက်နဲ့ အီဂျစ်ပြည်ရဲ့ နိုင်းမြစ်ကို သွေးရောင်လွှမ်းစေပြီး မြစ်ထဲရှိငါးတွေသေဆုံးကာ အီဂျစ်ပြည်မှာ နေထိုင်သူတွေအကုန် နိုင်းမြစ်ကို မှီခိုလို့မရဘဲ ငတ်ပြတ်မယ်လို့ဆိုပါတယ်။ 

ဒါဟာတကယ်ပဲ ကမ္ဘာပျက်မယ့်လက္ခဏာလား၊ တကယ်တော့မဟုတ်ပါဘူး။ Norilsk မြို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ညစ်ညမ်းမှုအများဆုံးဖြစ်နေတဲ့မြို့ဖြစ်ပြီး မြို့ရဲ့ပတ်ပတ်လည်မှာ စက်ရုံတွေဟာ မှိုလိုပေါက်နေပါတယ်။ ဒီမြစ်အရောင်ပြောင်းသွားတာဟာ စက်ရုံကစွန့်ပစ်ဓာတုပစ္စည်းတွေကြောင့်ဖြစ်ပြီး Oxidized iron ပါဝင်လို့ပဲဖြစ်ပါတယ်။

ဒါဟာ မိုင်းတစ်ခုကနေထွက်လာတဲ့ ပုံမှန်စွန့်ပစ်ပစ္စည်းအရောင်နဲ့ သိပ်ကိုတူပါတယ်လို့ မိုင်းတွင်းကျွမ်းကျင်သူ David Chambers ကနေ ပြောကြားခဲ့ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။