နာမည်ကြီး အဆိုတော် နီနီခင်ဇော်ဟာတော့ သူမရဲ့ ထုံးစံအတိုင်း ထွက်သမျှသီချင်းတွေဟာ ပရိသတ်တွေကြား ပေါက်လေ့ရှိပါတယ်။ မကြာခင်ကမှ ထွက်ရှိထားတဲ့ သူမရဲ့ "U" အယ်လ်ဘမ်ထဲက သီချင်းတွေကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျလို့နေပြန်ပါတယ်။ MTV တွေ တပုဒ်ပြီးတပုဒ်ရိုက်ကူးနေပြီး ယခု လူမှုကွန်ယက်ပေါ်မှာ "Good Kisser" ဆိုတဲ့ သီချင်း mtv က နာမည်ကြီးလို့နေပါတယ်။ 

ဒီ သီချင်း mtv ထဲမှာတော့ နီနီခင်ဇော်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး အနုပညာရှင်နှစ်ဦးလည်း ပါဝင်ထားပါတယ်။ သူတို့နှစ်ဦးကတော့ ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်ကြတဲ့ မိုကီရာဆာကီဝင်းနဲ့ အချေမင်းသမီးလေးလို့ နာမည်ကြီးတဲ့ ရွှေမှုန်ရတီတို့ပဲဖြစ်ပါတယ်။ သီချင်းကလည်းကောင်းသလို ချစ်ဖို့ကောင်းတဲ့ အဝင်းနဲ့ အချေမလေးပုံစံနဲ့ သရုပ်ဆောင်ထားတဲ့ ရွှေမှုန်တို့နှစ်ဦးအတူပါဝင်မှုဟာလည်း ပရိသတ်တွေကို ပိုပြီးဆွဲဆောင်စေခဲ့ပါတယ်။ 

ဒီသီချင်းကိုတော့ တေးရေးဆရာ ရွှေဂျော်ဂျော်က ရေးစပ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ နီနီရဲ့ "U" အယ်လ်ဘမ်ထဲက "အလကားပဲ" "Stand by me" စတဲ့ သီချင်းတွေကလည်း ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။ လက်ရှိ ဒီ "Good Kisser" သီချင်းလေးဟာလည်း ပရိသတ်တွေ သဘောကျနေပြီး အဝင်း Fan တွေနဲ့ ရွှေသဲရဲ့ Fan တွေကလည်း အားပေးနေကြတာတွေ့ရပါတယ်။ 

Source: Ni Ni Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။