ငယ်ငယ်လေးထဲက နွားခြံထဲမှာ ကြိုးကြိုးစားစား အလုပ်လုပ်နေတဲ့ကောင်မလေးတစ်ယောက်ဟာ မင်းသမီးတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ သူ့ကိုယ်သူ ဘယ််တုန်းကမှ မထင်ထားခဲ့ပါဘူး ။ ဒါပေမယ့် သူမရဲ့ ချောမောတဲ့ ရုပ်ရည်ကို လူတွေက သတိထားမိလာကြပါတယ် ။ ပထမဆုံး Karata Erika က မော်ဒယ် အဖြစ်စတင်ပွဲဦးထွက်ခဲ့ပြီးနောက်မှာ မင်းသမီးအဖြစ် FLaMm နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။ 

နောက်ပိုင်းမှာ ဂျပန်တင်မကဘဲ ကိုရီးယားအထိပါ သူမရဲ့ ကျော်ကြားမှုက ပျံနှံသွားခဲ့ပြီး မှင်စာသတို့သမီး ဇာတ်ကားထဲကမင်းသမီး Kim Go Eun နဲ့ W-two worlds မင်းသမီး Han Hyo Joo တို့ရဲ့ အေဂျင်စီဖြစ်တဲ့ BH Entertainment နဲ့ စာချုပ်ချုပ်ဖို့ပါကမ်းလှမ်းခံခဲ့ရပါတယ် ။ ခုချိန်မှာတော့ သူမဟာ လူသိများတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေခဲ့ပြီဖြစ်ပြီး SNSD’ ရဲ့ ‘DIVINE’ ဆိုတဲ့ music video မှာပါ ၀င်ရောက်သရုပ်ဆောင်ခွင့်ရရှိခဲ့တာပါ ။ 

သူမရဲ့ ပရိတ်သတ်တွေက “Goddess of Beauty” လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး နွားခြံထဲကကောင်မလေးတစ်ယောက်က ခုချိန်မှာ ကိုရီးယားမှာရော ဂျပန်မှာပါ အောင်မြင်တဲ့မော်ဒယ်တစ်ယောက်အဖြစ် ပရိတ်သတ်အမြောက်အများပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ် ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးနော် ... မဖြစ်သေးတာပဲရှိတာပါ ... ကံကောင်းတဲ့အချိန်မှာ အခွင့်အလမ်းတွေ ရောက်လာနိုင်တာမို့ ကြိုးကြိုးစားစား ရှင်သန်နေထိုင်ဖို့ပဲလိုတယ်ဆိုတာ သူမလေးက သက်သေပြသွားခဲ့ပါတယ် ။ 

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။