Kpop လောကမှာ Big Bang အဖွဲ့ဟာ နာမည်အကျော်ကြားဆုံးအဖွဲ့တစ်ဖွဲ့ပါ ။ အဖွဲ့ ရဲ့ သက်တမ်းကလဲ ရှည်ကြာနေပြီဖြစ်သလို အဖွဲ့ဝင်တွေကလည်း ချမ်းသာဆုံးစာရင်းတွေထဲဝင်ပါတယ် ။ Big Bang ရဲ့ ခေါင်းဆောင် GD လို့ခေါ်တဲ့ G Dragon ကတော့ အနုပညာအလုပ်တွေတင်မကဘဲ ပြင်ပက ဖက်ရှင်စီးပွားရေးနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာပါ အောင်မြင်နေသူမို့ တော်တော်ချမ်းသာတယ်လို့ ပရိတ်သတ်တွေကသိကြပါတယ် ။ 

သူ့လို Idol က ဘယ်လိုအိမ်မျိုးမှာနေသလဲ ဆိုတာလဲ စိတ်ဝင်စားစရာပါပဲ ။ GD ရဲ့ အိမ်ကတော့ ဆိုးလ်မြို ့ရဲ့ စျေးအကြီးဆုံးဧရိယာမှာရှိပါတယ် ။ $8 million USD တန်ကြေးရှိတယ်လို့ ဆိုတာကြောင့် မြန်မာငွေနဲ့ တွက်ရင် သိန်းပေါင်းကို သိန်းချီအောင် တန်တာပါ ။ အနီးစပ်ဆုံးကတော့ သိန်းပေါင်း တစ်သိန်းတစ်သောင်းဝန်းကျင်ပေါ့ ။ 

ကျယ်ဝန်းတဲ့မြေပေါ်မှာ မှန်တွေနဲ့ကာရံထားတဲ့ ခေတ်မှီအိမ်ကြီးကိုဆောက်လုပ်ထားပါတယ် ။ မော်ဒန်မှန်ရဲတိုက်တစ်ခုလိုကို ခမ်းနားတဲ့ ဒီအိမ်ကြီးက ကိုရီးယား Idol တွေ ပိုင်ဆိုင်တဲ့အိမ်တွေထဲက အကောင်းဆုံးအိမ်တစ်လုံးဖြစ်နေတော့တာပါပဲ ။ သဘောကျရဲ့လား ပရိတ်သတ်ကြီးရေ ...

သတင်းအရင်းမြစ် G-Dragon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။