မနေ့ကယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရံှူးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကတော့ ပွဲစဉ် ၁၆ ပြီးဆုံးတဲ့ အချိန်မှာ ရှုံးပွဲမရရှိသေးပဲ ရမှတ် ၄၆ မှတ် နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယနေရာက မန်ယူအသင်းကို ၁၁ မှတ် ဖြတ်ထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ အိမ်ကွင်းမှာပွဲပေါင်း ၄၀ ဆက်တိုက် ရှုံးပွဲမရှိအောင်ကစားထားတဲ့စံချိန်ဟာလည်း ကျိုးပြတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

မန်ယူအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ ရက်စ်ဖို့၊ မာရှယ်၊ လင်ဂတ်၊ မာတစ်၊ ဟာရဲရား တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာနေး၊ စတာလင်း၊ ဂျီဆပ်၊ ဒေးဗစ်ဆေးဗာလ်း၊ ဖာနန်ဒင်ဟို ၊ ဒီဘရိုင်း တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ အိမ်ရှင်မန်ယူအသင်းကို သိသိသာသာဖိအားပေးကစားနိုင်ခဲ့ပြီး အို့ထရက်ဖို့စ်ကနေ အနိုင်သုံးမှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၄၃ မိနစ်မှာ ဒေးဗစ်ဆေးဗာလ်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းပြီးဆုံးခါနီးအချိန်မှာပဲ မန်ယူအသင်းချေပဂိုး ပြန်လည်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ရက်ဖို့စ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကိုတော့ ၅၄ မိနစ်မှာ မန်စီးတီးအသင်းရဲ့ နောက်တန်းကစားသမား အော်တာမန်ဒီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။