ပထမမြန်မာနိုင်ငံတော်ရောက်အောင်သူ

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူဟာ

ဒီဇင်ဘာ15ရက်နေ့မှာထိုင်းကလပ်Police Teroအသင်း

နဲ့သွားပူးပေါင်းတော့မှာပါ။Police Teroအသင်းနဲ့သွားမပူး

ပေါင်းခင်မှာတော့ငယ်သူငယ်ချင်းတွေနဲ့မြန်မာပြည်အနှံ ့

လျှောက်လည်နေပါတယ်။အခုအောင်သူရောက်နေတဲ့နေရာကပထမမြန်မာနိုင်ငံတော်

လို့ခေါ်တဲ့ပုဂံမြေမှာပါ။

ပုဂံဆိုတာမြန်မာတို့ရဲ့နှလုံးသည်းပွတ်နေရာပါ။

အောင်သူဟာလည်းမြန်မာတစ်ယောက်ဖြစ်တဲ့

ပုဂံကိုချစ်မှာပါပဲ။သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး

လျှောက်လည်နေတဲ့ပုံတွေကိုကြည့်ရတာအောင်သူတစ်ယောက်

Stressတွေကင်းစင်ပြီးပျော်ရွှင်နေပုံပါပဲ။ဒီဇင်ဘာ

15ရက်ကစပြီးတော့အောင်သူရဲ့ခရီးကြမ်းစတင်ပါပြီ။

မနှစ်ကတယ်ရိုဆာဆနာအသင်းရဲ့တိုက်စစ်ဟာ

ထိုင်းလိဂ်မှာဒုတိယအနည်းဆုံးဖြစ်ခဲ့ပါတယ်။တယ်ရိုအသင်း

ဟာနှစ်စဉ်လိုလိုအဆင့်တစ်ကနေငါးအတွင်းဝင်နေကျဖြစ်ပေမယ့်မနှစ်ကတော့

တန်းဆင်းဇုန်အထက်မှာပဲရပ်တည်နိုင်ခဲ့ပါတယ်

။တယ်ရိုအသင်းဟာနောက်နှစ်မှာမူလနေရာကို

ပြန်ရောက်နိုင်ဖို့ကြိုးစားချင်တာကြောင့်အောင်သူ့ကို

အားကိုးတကြီးခေါ်ယူခဲ့တာပါ။ဒါကြောင့်ပျော်လို့ရတုန်း

ပျော်ထားပါအောင်သူရေ။မကြာခင်တိုက်ပွဲကြမ်းကြီး

စတင်ရတော့မယ်မဟုတ်လား

Source-Aung thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။