ဆီးသီးအမျိုးအစားနှင့် အရသာပေါ် မူတည်ပြီး ပါ၀င်တဲ့ ဗီတာမင်စီ ကြွယ်ဝမှုနှုန်းကလည်း အပြောင်းအလဲ ရှိပါတယ်။ ဆီးသီး ချဉ်လေ ဗီတာမင်စီ ကြွယ်ဝလေ ဖြစ်ပါတယ်။ ဆီးသီးရဲ့ အသီးသာမက အရွက်နှင့် ပင်စည်၊ အခေါက်တို့ကလည်း လွန်စွာ ဆေးဘက် ၀င်ကြပါတယ်။ ဆီးသီးမှာ ဗီတာမင်စီဓါတ် အလုံအလောက် ပါ၀င်သဖြင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေပြီး အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရာသီပေါ် ကူးစက်ရောဂါတွေကို မဖြစ်ပေါ်စေပါဘူး။ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည် ဖျားနာနေသူများလည်း စားသုံးနိုင်ပါတယ်။

အခုလို ဆောင်းရာသီမှာ နေ့တာတိုပြီး ညတာရှည်တာကြောင့် အစားအစာလိုစိတ်ကို တိုးစေတာမို့ အစားအစာ များများစားဖြစ်တဲ့အခါ အဆီဓါတ်မပါတဲ့ ကယ်လိုရီ လုံလောက်တဲ့ ဆီးသီးကို စားပေးသင့်ပါတယ်။ ဆီးသီးထဲတွင် ပါရှိတဲ့ အာနိသင်က ဦးနှောက်မှာရှိတဲ့ ဆဲလ်များကို ပုံမှန် အလုပ်လုပ်စေတဲ့ အပြင် မှတ်ဉာဏ်စွမ်းအားလည်း တိုးစေပါတယ်။ ဆီးသီး စားသုံးပေးခြင်းဖြင့် သဘာဝအတိုင်း နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။ ညဘက်တွင် အိပ်ရေးပျက်ခံပြီး အလုပ်လုပ်နေသူများအနေဖြင့်လည်း စိတ်အာရုံ ကြည်လင်စေရန် ဇီးသီးစားပေးနိုင်ပါတယ်။

ဆီးသီးက ကယ်လိုရီနည်းပါးတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးနှင့် သွေးတိုးရောဂါ ဝေဒနာ ရှင်များအတွက်လည်း သင့်တော်ပါတယ်။ ဇီးသီးမှာ ပါ၀င်တဲ့ ချေဖျက်လွယ်တဲ့ အမျှင်ဓာတ်တွေက အူကို သန့်စင်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေလို့ ၀မ်းချုပ်ခြင်းမှ ကင်းဝေစေပါတယ်။

သတိထားရမဲ့ အချက်တစ်ခုကတော့ တန်ဆေး၊ လွန်ဘေးဖြစ်တာမို့ ဇီးသီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော်လည်း အလွန်အကျွံ မစားသုံးမိဖို့တော့ အကြံပေးချင်ပါတယ်။ များစွာ စားသုံးမိလျှင် ၀မ်းပျက်ခြင်းကို ဖြစ်စေပြီး ဆီးကျောက်တည်ခြင်းကိုလည်း ဖြစ်စေပါတယ်။ ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများကို သိရှိပြီး ဇီးသီးကြိုက်နှစ်သက်တဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းများအတွက် လည်းဒီဗဟုသုတလေးတွေ မျှဝေပေးလိုက်ပါဦးနော်။

သတင်းအရင်းအမြစ် - DATA Doctor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။