ပျားရည်က ကျန်းမာရေးအတွက်ရော အလှအပရေးရာ အတွက်ပါ များစွာ အကျိုးပြုပါတယ်။ ဒ့ါကြောင့် ပျားရည်ကို အိမ်တိုင်းနီးပါးမှာ ဆောင်ထားလေ့ ရှိပြီး လိုရင် လိုသလို အသုံးပြုဖြစ်ကြပါတယ်။ ပျားရည် ၀ယ်ယူ သုံးစွဲတဲ့ အခါမှာလည်း ပျားရည် စစ်ဖို့ အရေးကြီးပါတယ်။ ပျားရည် အတုကို သုံးစွဲမိခဲ့မယ် ဆိုရင်တော့ ကျန်းမာရေးကောင်းကျိုးများကို မရရှိနိုင်တဲ့အပြင် အချိန်ကြာလာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုးပါ ခံစားရစေနိုင်ပါတယ်။ ဒီလို မဖြစ်ရလေအောင် လွယ်ကူစွာပဲ ပျားရည် စစ်/ မစစ် စမ်းသပ်လို့ ရနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

နည်းလမ်း (၁) ရေရှိသော ဖန်ခွက်ထဲသို့ ပျားရည် အနည်းငယ် ထည့်ကြည့်ပါ။

ရေခွက်ထဲ၏ အောက်ခြေ တစ်ဝိုက် ပျားရည်များ ရောက်သွားပြီး ရေ နှင့် ပျားရည်က ရောမသွားဘဲ သပ်သပ် တည်ရှိနေတယ် ဆိုပါက ပျားရည် စစ်ပါတယ်။ ပျားရည် အတု ဆိုရင်တော့ ထည့်တဲ့ နေရာမှာသာ စုပုံနေမှာ ဖြစ်ပြီး ရေခွက်၏ အောက်ခြေ တစ်ဝိုက်သို့ ပျံ့နှံ့သွားမှာ မဟုတ်ပါဘူး။

နည်းလမ်း (၂) မီးရှို့ကြည့်ပါ။

ပျားရည်ကို ဂွမ်းစတွင် စွတ်၍ ဖြစ်စေ၊ အဝတ်စတွင် စွတ်၍ ဖြစ်စေ မီးရှို့ကြည့်ပါ။ ပျားရည် အစစ်က မီးစာကဲ့သို့ ဖြစ်သွားပြီး လောင်ကျွမ်းမှုကို နှေးကွေးစေပါတယ်။ ပျားရည်အတုကတော့ မီးရှို့ ရှို့ချင်းပင် လောင်ကျွမ်းသွားပြီး မီးစာကဲ့သို့ မီးတောက်နေမှာ မဟုတ်ပါဘူး။ 

နည်းလမ်း (၃) လက်မ လက်သည်းခွံအပေါ်မှာ အစက်ချကြည့်ပါ။

ပျားရည်အစစ်ကို လက်မ လက်သည်းခွံပေါ် အစက်ချကြည့်ပါက လက်မ ပတ်လည်ကို ယိုစင်းသွားမှာဖြစ်ပြီး ပျားရည်အတုကတော့ အစက်ချတဲ့ နေရာမှာပဲ စုစုပုံပုံလေး တည်ရှိနေမှာ ဖြစ်ပါတယ်။

ဘယ်လို စက်ပစ္စည်းကိရိယာမှ မလိုဘဲ အိမ်မှာပဲ လက်တွေ့ စမ်းသပ်နိုင်မဲ့ နည်းလမ်းလေးတွေ ဖြစ်တာမို့ ကိုယ်တိုင် အသုံးပြုဖို့ပဲ ဖြစ်စေ၊ လက်ဆောင်ပေးဖို့ပဲ ဖြစ်စေ ပျားရည်ဝယ်ယူတဲ့အခါ စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ သာယာလှပသော နေ့ရက်လေး ဖြစ်ကြပါစေရှင် ။

သတင်းအရင်းအမြစ် - YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။