မြန်မာ့နာမည်ကြီး အနုပညာရှင်များစွာဟာ အလှအပကို မြတ်နိုးတန်ဖိုးထားသူတွေ ဖြစ်ကြပါတယ်။ ယခု KAY Fashion & Fabric House တွင်ပြုလုပ်ပေးနေတဲ့ ဆိုင်ဖွင့်လှစ်ခြင်း ၂နှစ်ပြည့်အထိမ်းအမှတ် စျေးရောင်းပွဲကို မြန်မာ့အနုပညာရှင်များစွာ လာရောက်အားပေးလျှက်ရှိပါတယ်။ အဆိုပါအနုပညာရှင်များတွင် သက်မွန်မြင့် ၊ ချစ်စနိုးဦး ၊ ခင်လေးနွယ် ၊ ဆုပန်ထွာ ၊ ယွန်းယွန်း ၊မင်းသွေး၊ ၀တ်မှုံရွှေရည်၊ နန်းသူဇာ စသည့်အနုပညာရှင်များအပြင် အခြားသောအနုပညာရှင်များစွာလည်း လာရောက်အားပေးလျှက်ရှိပါတယ်။

အဆိုပါစျေးရောင်းပွဲတော်ကို ၁၁.၁၂.၂၀၁၇ မှ ၁၃.၁၂.၂၀၁၇ ထိ ၃ရက်တိုင် အထူးစျေးနှုန်းများဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း။ Onlineမှ ၀ယ်ယူသူများအတွက်လည်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရေသားခဲ့ပါတယ်။ အလန်းဆုံးဖက်ရှင် အကောင်းဆုံးစျေးနှုန်းဖြင့် ရရှိနိုင်မည့် KAY Fashion & Fabric House ကို အနုပညာရှင်များကလည်း သွားရောက်ဝယ်ယူအားပေးခဲ့ကြောင်း နှင့်အတူ မိတ်ဆက်မှုများလည်း ပြုလုပ်ခဲ့ပါတယ်။ 

အနုပညာရှင်များစွာ အားပေးလျှက်ရှိသော KAY Fashion & Fabric House ကို အနုပညာချစ် ပရိသတ်ကြီးနှင့် ဖက်ရှင်ချစ်သူများအတွက် မျှဝေရင်း ဖိတ်ခေါ်လိုက်ပါတယ်။

Source – Khin Lay Nwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။