ရေသူမဆိုတဲ့ သတ္တဝါကတော့ စိတ်ကူးယဉ်စာအုပ်တွေနှင့်ပြဇာတ်တွေထဲမှာ ပါ၀င်နေကျ အရာတစ်ခုဖြစ်ပါတယ်။ ရေသူမတွေကတော့ အပေါ်ပိုင်းက လူပုံစံဖြစ်ပြီး အောက်ပိုင်းကတော့ ငါးပုံစံရှိပါတယ်။ လူတွေအနေဖြင့် ရေသူမတွေကို စိတ်ကူးယဉ်သက်သက်သာတွေးမြင်ခဲ့တာဖြစ်ပြီး အပြင်တွင် မမြင်ဘူးကြပါဘူး။ ယခုအခါမှာတော့ ရေသူမကဲ့သို့ပုံစံရှိသည့် ကလေးကိုမွေးဖွားခဲ့ပါတယ်။  

အဆိုပါ ကလေးငယ်ကိုတော့ အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ အိန္ဒိယနိုင်ငံမှ မိခင်တဦးအနေဖြင့် လူတပိုင်းငါးတပိုင်းပုံစံ ကလေးကို မွေးခဲ့သော်လည်း နာရီပိုင်းအကြာမှာပဲ ကလေးဖြစ်သူက သေဆုံးသွားပါတယ်။ အခုလို ရေသူမပုံစံမျိုးမွေးလာတာဟာ အဆိုပါကလေးက ပထမဆုံး မဟုတ်ပါဘူး။ ထိုကဲ့သို့ ပုံစံမျိုးမွေးဖွားခဲ့တာက ယခုကလေးနဲ့ဆို ကမ္ဘာပေါ်မှာ ၅ ဦးမြောက်အဖြစ် မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူ၏ နာမည်က မက်ကူရာဘီဘီဖြစ်ကာ သူမ၏အသက်က ၂၃နှစ်ရှိပြီဖြစ်ပါတယ်။  

သူမအနေဖြင့် အဆိုပါ ကလေးငယ်ကို ဒီဇင်ဘာ ၆ ရက်နေ့က မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ကလေးငယ်က ရေသူမရောဂါလက္ခဏာ ဒါမှမဟုတ် စီရန်နိုမီလီယာ (Sirenomelia) လို့ ခေါ်တဲ့ ခန္ဓာကိုယ်ပုံမှန်မဟုတ်တဲ့ ရောဂါကိုခံစားနေရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ကလေးငယ်၏ခြေထောက် ၂ ချောင်းက ပူးနေလို့ ယောက်ကျားကလေး၊ မိန်းကလေးမှန်း မသိရတဲ့ ကလေးငယ်က အိန္ဒိယနိုင်ငံမှာတော့ စီရန်နိုမီလီယာရောဂါနဲ့ ဒုတိယမြောက် မွေးဖွားလာတဲ့ ကလေးလို့ သိရှိရပါတယ်။ သို့သော် အဆိုပါ ကလေးက မွေးဖွားပြီး ၄ နာရီအကြာမှာ သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

Source – Daily Mail, DvB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။