ပရိသတ်တွေရဲ့ အသဲကျော် ခေတ်နဲ့သစ်ကတော့ ဘယ်ချိန်ကြည့်ကြည့် အရမ်းကို ချစ်ဖို့ကောင်း နေတော့တာပါပဲ။ 

အမာခံ ပရိသတ်တွေတောင် ရနေကြပြီဖြစ်တဲ့ ချစ်စရာဘေဘီလေး (၂)ယောက်ရဲ့ ပရိသတ်ချစ်ခင် အားပေးမှု တွေကတော့ အနုပညာရှင်များ ဖြစ်ကြတဲ့ ဖေဖေမေမေ တို့ထက်တောင် ပိုများရင် များနေပါအုန်းမယ်။ 

ပရိသတ်တွေရဲ့ နှလုံးသား ကို ဖမ်းစားနေတဲ့ ချစ်စရာကောင်းတဲ့ခေတ်နဲ့သစ် နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေ တစ်ရက်ထက် တစ်ရက် အချစ်တွေ ပိုပိုတိုးနေခဲ့ရတာပဲဖြစ်ပါတယ်။ 

ဒီတစ်ခေါက်မှာလဲ ချစ်စရာကောင်းတဲ့ ဆင်တူဝတ်စုံလေးနဲ့ ခေတ်နဲ့သစ်ကို မေမေချစ်သုဝေကတော့ ခေတ်စလေနဲ့ သစ်စလေ လို့ချစ်စနိုးလေး နာမည်ပေးလိုက်ပါတယ်။ 

ကမ္ဘာအဆိုတော်ကြီး အဲဗစ်ပရက်စလေ ဝတ်ဆင်နေကြ ဖက်ရှင်လေးအတိုင်း အကျီ ၤ ကော်လံလေးကို ထောင်ကာ ဆင်မြန်းပေးထားတဲ့ ဆင်တူ ဝတ်စုံလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်း နေတဲ့ အဲဗစ်ပရက်စလေ ပေါက်စ ခေတ်စလေနဲ့သစ်လေးပါ။

မေမေချစ်သုဝေ ပြောတဲ့အတိုင်း မီးမီတို့(၂)ယောက် အဲဗစ်ပရက်စလေနဲ့တူရဲ့လားပရိသတ်ကြီး။  

မေမေချစ်သုဝေရဲ့လူမှုကွန်ယက်မှာလဲ "ခေတ်စလေနဲ့ သစ်စလေ " ဆိုတဲ့စာလေးနဲ့ အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ မျှဝေထားတာ ပဲဖြစ်ပါတယ်။

ခေတ်နဲ့သစ်ရဲ့ ပုံရိပ်လေး တွေအောက်မှာလဲ ချစ်လို့မဝနိုင်ဖြစ်နေ တဲ့ပရိသတ်တွေရဲ့ စကားသံလေးတွေကို မြင်တွေ့ရတာပဲဖြစ်ပါတယ်။ 

ပရိသတ်တွေရဲ့ နှလုံးသားတွေကို ထပ်မံသိမ်းပိုက်သွားတဲ့ ခေတ်နဲ့သစ် ရဲ့ချစ်စရာပုံရိပ်လေးတွေကိုလဲ ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ချစ်သုဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။