တေးသီးချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ အဆိုတော် ဟဲလေးကတော့ ဇနီးဖြစ်သူကို အတော် ချစ်ပုံပါပဲ..။

အခုလည်း မိန်းမက သူအတွက်တော့ ဇနီးတစ်ယောက်အပြင် အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လိုပါပဲလို့ ဆိုလာပါတယ်..။

ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား အမြဲ စိတ်တူကိုယ်တူ အမြဲအတူတူရှိနေတာနဲ့ ပတ်သက်ပြီး ပြောထားတာ ဖြစ်ပါတယ်..။

ဒီဇင်ဘာ(၁၀)ရက်နေ့မှာတော့ ဟဲလေးက သူအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“EDM ပွဲသွားမှည့်လည်းတူတူ..၊ KTV သွားလည်းတူတူ..၊ Club ..Bar သွားလည်းတူတူ..၊ အနှိပ်ခန်း..သွားလည်းတူတူ..၊ ကောင်မလေးတွေမိုက်လို့...လိုက်ကြည့်လည်းတူတူ

အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လိုပါပဲ..မိန်းမရယ်” လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်များနဲ့ အနုပညာရှင် မိတ်ဆွေ သူငယ်ချင်းများက စနောက်ထားတာကိုလည်း တွေ့ရပါတယ်..။

ဟဲလေးဟာ အခမ်းအနားပွဲတော်တော်များများနဲ့ ဖျော်ဖြေပွဲတိုင်းလိုလိုမှာ ဇနီးဖြစ်သူနဲ့အတူ ပွဲတတ်ရောက်တာကိုလည်း တွေ့ရပါတယ်..။

အဆိုတော်ဟဲလေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုတွေကို ရရှိထားတဲ့ “TEN” အဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်..။

နောက်ပိုင်းမှာတော့ အဖွဲ့ပြိုကွဲသွားပြီးနောက် အနုပညာလမ်းကြောင်းပေါ်တစ်ဦးတည်း လျှောက်လှမ်းနေတာလည်း ဖြစ်ပါတယ်..။

ဟဲလေးကတော့ သူ့ရဲ့ အသံအေးအေးလေးနဲ့ သီချင်းကောင်းတွေ သီဆိုပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရယူနိုင်ထားတာ ဖြစ်ပါတယ်..။

တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားပြီး လတ်တလောမှာလည်း ရှိုးပွဲတွေ ဆက်တိုက် သီဆိုဖျော်ဖြေနေတယ်လို့ သိရပါတယ်..။

အနုပညာလာကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဇနီးဖြစ်သူနဲ့အတူ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Source - ဟဲလေး fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။