၂၀၁၇ ခုနှစ်ရဲ့လူစိတ်ဝင်စားမှုအများဆုံးပွဲ

မနေ ့ကထိုးသတ်ခဲ့တဲ့ AIR KBZ 2017 ပွဲမှာ

ပရိသတ်တွေအကြည် ့ချင်ဆုံးတွဲဆိုင်းတစ်ဆိုင်းပါ၀င်လာခဲ့ပါတယ်။

အဲ့ဒီပွဲကတော ့ပထမတန်းလက်ဝှေ ့ကျော်တွေဖြစ်တဲ့

စောဂေါ်မူတိုနဲ့ ဖျံသွေးတို ့ရဲ့ပွဲပါပဲ။ထွန်းထွန်းမင်း၊တူးတူးတို ့

နောက်တက်လူတွေထဲမှာအကောင်းဆုံးနှစ်ယောက်လို ့

မြန်မာ ့လက်ဝှေ ့ချစ်သူတွေက ဒီမောင်နှစ်ယောက်ကို

သမုတ်ကြပါတယ်။နောက်ဆုံးတွေ ့ဆုံမှှုမှာ ဖျ ံသွေးက

ဂေါ်ဂေါ်ကိုအလဲထိုးထားခဲ့ပါတယ်။

ဂေါ်ဂေါ်ကဖျံသွေးနဲ့တွေ ့တိုင်းအစီးထိုးနိုင်ခဲ့ပေမယ် ့

ပြီးခဲ့တဲ့KBZ ရွှေအောင်လံမှာ အလဲထိုးခံခဲ့ရပါတယ်။

အဆိုပါရှှု့ံးပွဲဟာ ဂေါ်ကြီးကိုအထိနာစေခဲ့ပြီးဖျံသွေးနာမည်ကတော ့

တဟုန်ထိုးတက်သွားပါတယ်။ဒီလိုအကြောင်းအရာတွေကလည်း

ဒီပွဲကိုပရိသတ်စိတ်ဝင်စားမှှုမြင် ့တက်စေခဲ့တာပါ။

မနေ ့ကပွဲမှာ လက်ရည်သာခဲ့တာကဂေါ်ကြီးပါ။

သူ ့အနေနဲ့ဖျံသွေးကိုရှံူးကြွေးဆပ်ဖို ့

အသေအချာပြင်ဆင်လာခဲ့ပါတယ်။ဂေါ်ကြီးရဲ့

ထောက်လက်သီးတွေ၊အမြင် ့ကန်ချက်တွေက

ဖျံသွေးကိုအထိနာစေခဲ့ပါတယ်။ဖျံသွေးကတော ့ပွဲဆက်တွေများနေလို ့

ထင်ပါရဲ့။ဂေါ်ဂေါ်နဲ့ ဆိုင်ထိုးပြိုင်ထိုးတဲ့အခါပါ၀ါအနည်းငယ်ကျနေပါတယ်။

ဒါပေမယ် ့ဖျ ံသွေးရဲ့ဝှိုက်လက်သီးတွေကလည်းပွဲသိမ်းဖို ့ကြိုး စားလာတဲ့

ဂေါ်ဂေါ်ကိုတုံ ့ဆိုင်းသွားစေပါတယ်။ငါးချီပြည် ့တဲ့အထိ အရှုံးအနိုင်

မပေါ်သရေကျခဲ့ပေမယ် ့ပရိသတ်တွေ အတွက်စိတ်ကျေနပ်စရာ

တွဲဆိုင်းဖြစ်ခဲ့ရပါတယ်။

Source-Myanmar Letwei

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။