Myanmar International Fashion Week 2017 မှာတွေ့ရတဲ့အနုပညာရှင်တွေရဲ့ ပုံရိပ် တစ်ချို့ပဲဖြစ်ပါတယ်။ ဒီဇိုင်နာ မေမြတ်ဝါဆိုက ဖန်တီးချုပ်လုပ်ပေးထားတဲ့ ဝတ်စုံများနဲ့ ကြော့ရှင်းစွာလှပနေတဲ့ အနုပညာရှင်များနဲ့ စူပါမော်ဒယ်များကို မြင်တွေ့ရမှာပါ။ ယခုပွဲအတွက်

ဆန်းသစ်လှပတဲ့ပိတ်စဆန်းများကိုတော့ Alvaasae’- Myanmar ကကူညီပေးထားတယ်လို့ သိရပါတယ်။ ဒါဆိုရင်တော့ လှပတဲ့ဝတ်စုံဒီဇိုင်းများကို လေ့လာကြည့်ပါအုံးနော် ။

ပန်းခတ်များပါဝင်တဲ့ အဖြူရောင်ဝတ်စုံများနဲ့ ထည့်ဝါလှပနေသူနှစ်ဦးကတော့ မင်းသမီး ချော ထက်ထက်မိုးဦးနဲ့ အဆိုတော် ချမ်းချမ်းပဲ ဖြစ်ပါတယ်။

မင်းသမီးချော စိုးပြည့်သဇင်ကလဲ အနက်ရောင်ပေါ်မှာ ပန်းခက်များပါတဲ့ ဖတ်ရှင်ဒီဇိုင်းနဲ့ ချစ်စရာကောင်းကာ လှပနေပါတယ်။

သရုပ်ဆောင် ဆုပန်ထွာနဲ့ ချစ်စနိုးဦးကိုတော့ လှပဆန်းသစ်တဲ့ မြန်မာဆန်ဆန်ဝတ်စုံ ဒီဇိုင်းများနဲ့ မြင်တွေ့ရမှာပါ။

ခန္ဓာကိုယ်အချိုးအစားပေါ်လွင်လှတဲ့ ဖတ်ရှင်ဒီဇိုင်းများနဲ့ လျှောက်လှမ်းပေါ်မှာ ထင်ပေါ်သူတွေကတော့ စူပါမော်ဒယ် အွန်ဆိုင်းနဲ့ ရွှေအိမ်စည်တို့ပဲ ဖြစ်ပါတယ်။

တခြားသော လှပသေသပ်တဲ့ ဖတ်ရှင်ဒီဇိုင်းများကိုလည်း Myanmar Load ပရိသတ်ကြီး အတွက် စုစည်းဖော်ပြလိုက်ရပါတယ်။ ဒါဆိုရင်တော့ နှစ်သစ်မှာ ဒီဇိုင်းအသစ်များနဲ့ လန်းလိုက်ရအောင်နော် ။

Source – Myanmar Int’l fashion week 2017 Day 2

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။