ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်းက လူမှုကွန်ယက်ပေါ်တွင် သံဃာတော်တစ်ပါးကို ရိုက်နှက်နေသည့် ဗီဒီယိုတက်လာခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲတွင် လမင်းသာ(၂) ဘီယာဆိုင်က လူအချို့က ဘုန်းကြီးတစ်ပါးကို ရိုက်နှက်နေသည်များပါ၀င်ခဲ့ပါတယ်။ အရိုက်ခံရသူ ဆရာတော်ဦးဣန္ဒက သည် ထောက်ကြန့်လမ်းဆုံရှိ ကမ္ဘောဇဘဏ်တွင် ကျပ်နှစ်သိန်း အပ်ပြီးနောက် အစာအိမ်ရောဂါ အတွက် မင်္ဂလာရွှေအုပ် ဆေး သောက်ရန် ရေအလှူခံခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ဆရာတော်ဦးဣန္ဒကအနေဖြင့် ဘဏ်တွင်ပိုက်ဆံအပ်ပြီးနောက် ၀ိနည်းအရ ရှေ့ကိုလေးတောင်သာကြည့်ပြီး လမ်းလျှောက်နေကာ ဘီယာဆိုင်၏ဆိုင်းဘတ်ကိုမမြင်ဘဲ ရေဝင်ရောက် အလှူခံရာ ရေကို ရခိုင်လိုရွီလို့ခေါ်တဲ့ အတွက် ရွီယာပေးပါလို့ အလှူခံ တာကို ဘီယာပေးပါလို့ အထင် မှားပြီး အရိုက်ခံရတာဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါတယ်။ 

ထို့ကြောင့် ဒီဇင်ဘာ ၄ရက်နေ့တွင် အရိုက်နှက်ခံခဲ့ရသည့် ကိုယ်တော်အနေဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ အရိုက်နှက်ခံခဲ့ရသော ကိုယ်တော်မှာ ဆရာတော် ဦးဣန္ဒကဖြစ်ပါတယ်။ ဆရာတော် ဦးဣန္ဒကကို ထောက်ကြန့်လမ်းဆုံရှိ လမင်းသာ (၂)စားသောက်ဆိုင်အတွင်းသို့ အရက်လာဝယ်သည်ဟု စွပ်စွဲထားပြီး သံဃာအတုဟုဆိုကာ ဆိုင်ရှင်နှင့် ဆိုင်တွင်လာရောက်သောက်စားသည့်အမျိုးသားက ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ပြောစကားအရ သိရှိရသည်။ ထို့ကြောင့် ဦးဣန္ဒကအနေဖြင့် ဗဟန်းမြို့နယ်ရှိ သမ္မတသင်္ကန်းတိုက်ငါးလွှာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ရှင်းလင်းပွဲတွင် ဦးဣန္ဒကသည် သံဃာအတုမဟုတ်သလို၊ ဘီယာလာဝယ်ခြင်းမဟုတ်ဘဲ ဆေးသောက်ရန် ရေအလှူခံခဲ့ခြင်းသာဖြစ်ကြောင်း ဆရာတော်ဘဒ္ဒန္တဣန္ဒာဝုဓက မိန့်ခဲ့ပါတယ်။ ဒါ့အပြင် အရိုက်ခံခဲ့ရတဲ့ ဆရာတော် ဦးဣန္ဒက၏ လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံ ၅ သိန်း ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ 

ထိုကဲ့သို့ ဘုန်းကြီးကို ရိုက်ခဲ့သည့် တရားခံများမှ မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရမှာ ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊အေးမြစံပျော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်ပြီးလူမှုရေးကိစ္စများ၊ အရက်သေစာသောက်စားခြင်းများ မကြာခဏပြုလုပ်တတ်၍ကျေးရွာနှင့် အဆင်မပြေသော ဘုန်းကြီးတစ်ပါးဖြစ်ကြောင်းစိစစ်တွေ့ရှိိရပြီး ယခု ပြစ်မှုကျူးလွန်ရာ နေရာသို့လည်း Facebookမှရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိလမင်း သာ(၂) စားသောက်ဆိုင်သို့ရောက်ရှိ သောက်စားနေစဉ်ယခုပြစ်မှုအား ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ပါသည်။ ၎င်းမှာပြစ်မှုကျူးလွန်ပြီးနောက် လက်ပံတန်းသို့ ပြန်သွားပြီး သင်္ဃန်းပြန်ဝတ်ကာအေးမြစံ ပျော်ကျောင်းတွင် ဟန်မပျက်နေထိုင်ခဲ့ပြီးနောက် Facebook၌ထောက်ကြန့်ရှိ ဘီယာဆိုင်တွင် ဘုန်းကြီး တစ်ပါးအား ရိုက်နှက်နေသည့်ဖြစ်စဉ်များ လိုင်းပေါ်တက်နေ၍ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့်အောင်လံကုန်းရွာ၊ အောင်မြေတောရကျောင်းတိုက်တွင် တိမ်းရှောင်နေစဉ်၅.၁၂.၂၀၁၇ ရက်နေ့ နံနက် ၆နာရီအချိန် တွင်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိပြီးအဆိုပါ ကျောင်းတိုက်ဆရာတော် ဥူးဝဇီရာနန္ဒထံတွင်သိက္ခာချလူဝတ်လဲခဲ့ပါသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူအောင်မိုးနှင့်မြင့်ကျော်(ခ)မြင့်သိန်း(ခ)ဥူးပညာသာရတို့ နှစ်ဦးအား ယခုအခါ တရားစွဲဆိုထားပါတယ်။ ယခုအခါ ဘုန်းကြီးအားရိုက်ခံသူများဖြစ်သည့် အောင်မိုးနှင့်မြင့်ကျော်တို့အား အာမခံမပေးဟု ရန်ကုန်တိုင်း ရဲမှူး ဦးလှဝေကပြောကြားခဲ့ပါတယ်။

Source – Irrawaddy  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။