အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် ရော စီးပွားရေးဘက်မှာ ဦးစီးလုပ်ကိုင်နေတဲ့ စမိုင်းလ်တစ်ယောက် အနုပညာလောကနဲ့ မျက်ခြေပြတ်နေခဲ့တာအတော်ကြာပါပြီ။

ကာလအတန်ကြာ အဆက်သွယ်ပြီးနောပရိသတ်တွေဆီပြန်လာခဲ့တဲ့
 စမိုင်းလ်ဟာ ဂယက်တွေပါဟယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ သူ့ရဲ့ ပထမမြောက်ခြေလှမ်းပါပဲ။

သမီးလေးတွေချည်း နှစ်ယောက်မွေးထားတဲ့ စမိုင်းလ် တို့ ဇနီးမောင်နှံဟာ လက်တလောမှာတော့ သူတို့ရဲ့ စိတ်ကူးအိပ်မက်လေးအကောင်အထည်ဖော်ခွင့်ရလိုက်ပြီလို ့ဆိုပါတယ်။

အဲ့ဒါကတော့ ပရိသတ်တွေ နိုင်ငံခြားဇာတ်ကားတွေမှာ မြင်ဖူးကြမှာဖြစ်တဲ့ ဘက်စ်ကားအတွင်းဖက်မှာ သူငယ်ချင်းတွေစုပြီး ပျော်ပွဲစားထွက်လို့ရတဲ့ အိမ်ပုံစံကားမျိုးပါ။

“စွန်းစားတီထွင်တာဝါသနာပါတဲ့ကိုယ်တွေလင်မယားက သူများမလုပ်တာကိုမှလုပ်ချင်သူပါ..  ကျမရဲ့အိမ်မက်လေးကို ဒီနေ့တော့အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ...

PartyBusကားလေးနဲ့ သူငယ်ချင်းတွေစုပြီး ပျော်ဖို့အတွက်စီစဉ်ခဲ့ရာက စီးပွားရေးလုပ်ဖို့ပါဖြစ်လာခဲ့ပြီ

ကျမတို့ရဲ့ Party Bus Myanmar page လေးကို Like and share လေးလုပ်ပြီးကူညီပေးပါအုန်းနော်..

ဒီလအတွက်အထူး promotion 50%off” ဆိုပြီး သူမရဲ ့ဖေ့ဘုတ်မှာ တစ်လက်စတည်း ကြော်ငြာဝင်ထားပါတယ်။

စမိုင်းလ်ဟာ အနုပညာလောကနဲ့မထိတွေ့ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ လေးစားအားကျမှုတွေနဲ့ပြည့်နှက်နေတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝလေးပိုင်ဆိုင်ထားရသူပါ။ သူမတို့မိသားစုဟာ အလှုအတန်းတွေမကြာခဏလုပ်လေ့ရှိပြီး အလှုရေစက်လက်နဲ့မကွာတဲ့ မိသားစုလေးအဖြစ် နာမည်ကြီးနေတာဖြစ်ပါတယ်။

Source : Smilemaung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။