မိန်းကလေးများ အထူးသတိထားရမှာကတော့ မျိုးဥအိမ်ကင်ဆာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ရပ် လုံးအတွက် အသံတိတ်လူသတ်သမားလို့တောင် တင်စာခေါ်ပေါ်ကြပါတယ်။ ရောဂါဖြစ်နေတဲ့ အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်သာ ကြိုတင်သိရှိတတ်ပါတယ်။ မမျိုးဥအိမ်ကင်ဆာကို ကြိုတင်သိရှိနိုင် စေရန်လက္ခဏာရပ်လေး တွေကိုဖော်ပြပေးလိုက်ရပါတယ်။

“မ” မျိုးဥအိမ်ကင်ဆာ ရဲ့ရှေ့ပြေးလက္ခဏာရပ် အနေဖြင့် လေ့ကျင့်ခန်းတွေမလုပ်ဘဲ အစားလည်း လျော့မစားဘဲသိသိသာသာ ကိုယ်အလေးချိန် ကျဆင်းလာရင်တော့ သတိထားပြီး ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

ဆီးသွားချင်စိတ်ပြင်းပြခြင်း (သို့မဟုတ်) ဆီးခဏခဏသွားချင်ခြင်းဟာ “မ” မျိုးဥအိမ်ကင်ဆာ လက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ ဆီးအိမ်ထိန်းချုပ်နိုင်မူ့ ့ပြသာနာများလည်း ဖြစ်ပေါ်စေပါတယ်။ ခါးအောက်ပိုင်းနာကျင်ပြီးလေလံလာခြင်း၊ တင်ပါးဆုံရိုး နာကျင်ကိုက်ခဲခြင်းများ ဖြစ်လာရင် မပေါ့ဆသင့်ပါဘူး။

ဝမ်းဖောဝမ်းရောင်းခြင်း၊ ရာသီလာခြင်း၊ အစာအိမ်နာခြင်း စသည့်တို့နှင့်ပတ်သက်၍ နာကျင်တာမျိုး မဟုတ်ဘဲ ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာ ဗိုက်နာလာခြင်း၊ တင်ပါးနဲ့ခါးနေရာတို့ တင်းကြပ်သလို ခံစားရပါကလည်း “မ”မျိုးဥအိမ်ကင်ဆာလက္ခဏာ ဖြစ်နိုင်ခြေများနိုင်ပါတယ်။ ပြီးတော့ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်းကိုလည်း မကြာခဏ ခံစားရလည်းရှိပါတယ်။ “မ”မျိုးဥအိမ်အကြိတ်ဖု ရောင်ကိုင်း လာပြီးဆိုရင်တော့ ဆီးအိမ်၊အစာအိမ် ၊အူသိမ်အူမတွေအပေါ် လည်းဖိအား သက်ရောက်စေပါတယ်။ လေပူထခြင်း၊ အော်ကလီဆန်ခြင်း၊ မအီမသာဖြစ်ခြင်းသည်လည်း“မ” မျိုးဥအိမ်လက္ခဏာရပ် တွေဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှလည်း ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊နာကျင်ခြင်း၊ မိန်းမကိုယ် ရောင်ကိုင်းနေခြင်း၊ အရောင်အဆင်းပြောင်းလဲခြင်း တို့လည်းဖြစ်ပေါ်စေပါတယ်။ အလိုလိုနေရင် မောပမ်းနွမ်းနယ်ခြင်းကိုလည်း မပေါ့ဆသင့်ပါဘူး။ အဓိကတစ်ချက်ကတာ့ ဖိုမကိစ္စအနေနဲ့ လိင်ဆက်ဆံစဉ် နာကျင်လာခြင်းတို့ပဲဖြစ်ပါတယ်။

ဒီလိုလက္ခဏာရပ်တွေ အားလုံးတပြိုင်တည်းခံစားရရင် “မ” မျိုးဥအိမ်လက္ခဏာရပ်လို့ယူဆလို့ မရသေးပါဘူး။ အဖြစ်အပျက်တစ်ခုခုကို (၁၀)ရက်မှ ရက်(၂၀) အတွင်းခံစားနေရပြီး ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို သွားရောက်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါကြောင်း စေတနာရှေ့ထားပြီးရေးသားလိုက်ရပါတယ်။ မိန်းကလေးတွေအားလုံး ကျန်းမာလှပတဲ့ဘဝကိုု ပိုင်ဆိုင်နိုင်ကြပါစေ။


သတင်းအရင်းအမြစ် း ပေါက်ပေါက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။