နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ပြီး ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိထားတဲ့ ယုသန္တာတင် တစ်ယောက် ရုပ်ရှင်ကားကန်တော့ပွဲပေးအခမ်းအနားအတွက် ရွှေတိဂုံ ဘုရားကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့မြန်မာဆန်ဆန်လှပတဲ့ Fashion လေးနဲ့ ကန်တော့ပွဲပေးအခမ်းအနားကိုတက် ရောက်လာတာပဲဖြစ်ပါတယ်။ သူမဟာ အဆိုတော် ရဲလေးရဲ့ သီချင်း MTV မှာ စတင် သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက် လာခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့လှပကျော့ရှင်းမှုနဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေနဲ့ ကြော်ငြာတွေ မပြတ်ရိုက်ကူးနေရပြီး အောင်မြင်တဲ့မင်းသမီး စာရင်း ဝင်တစ်ဦး လည်းဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို ဝတ်ဆင်ပြီး အလှကြီးလှ နေတဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်တွေကလည်း ပရိတ်သတ်တွေကို ဖမ်းစားနိုင်လွန်းနေပါတယ်။ သူမတို့နယ်မြို့မှာရှိတဲ့ အစားအသောက်ပုံလေးတွေကိုလည်း Facebook ပေါ်တင်ပြီး ပရိတ် သတ်တွေကို သွားရည်ချူတတ် သူလေးပေါ့။ သူမတို့ရဲ့ ဒေသထွက်အစားအစာလေးတွေက လည်း တကယ့်ကို စားချင်စဖွယ်ဖြစ်နေတာပါ။ သူမရဲ့မြန်မာဝတ်စုံလေးတွေနဲ့ လှပတင့် တယ်ပြီး ကျက်သရေရှိနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်နော်။

အဖြူရောင်ပိတ်စ လွင်လွင်လေးပေါ်မှာ နေကြာပန်း ပွင့်ကြီးတွေကို အပွင့်ရိုက်အလှဆင် ထားတဲ့ ကျက်သရေရှိလှတဲ့ ဝတ်စုံလေးနဲ့ ရုပ်ရှင်ကန်တော့ပွဲပေး အခမ်းအနားကို တက် ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူမဝတ်ဆင်ခဲ့တဲ့ မြန်မာဝတ်စုံလေးဟာ ဆိုရင်လည်း အဖြူရောင်ဖဲပိတ်စပေါ်မှာ ခရမ်းရောင်ပန်းပွင့်လေးတွေကို အပွင့်ရိုက်ထားပြီး ထမီအနားသတ်လေးမှာ ခရမ်းရောင်ပိတ်စလေးနဲ့အလှဆင်ထားတာမို့ ချစ်စရာကောင်းတဲ့ ဝတ်စုံလေးပါပဲ။ မင်းသမီးယုသန္တာတင်ရဲ့ မြန်မာဆန်ဆန်လှပလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Phtot – Yu Thandar Tin’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။