ထောပတ်က စိမ့်စိမ့်လေးနဲ့ အရသာရှိလှတာကြောင့် အများစုက နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ဆိုင်မှာ ၀ယ်စားတဲ့အခါ ထောပတ်အစစ်ရဲ့ အရသာကို စားသုံးဖို့ ခဲယဉ်းပါတယ်။ ဒါ့ကြောင့် လွယ်လွယ်ကူကူနဲ့ပဲ အိမ်မှာ ပြုလုပ်နိုင်မဲ့ အရသာ ရှိလှတဲ့ ထောပတ် ပြုလုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။ ကလေးတွေကို ကျွေးမယ် ဆိုရင်လည်း သင့်တော်တာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

လိုအပ်သော ပစ္စည်းများ

နွားနို့

ဒိန်ချဉ် မလိုင်

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) နွားနို့ ကို ကျိုပါ။ နွားနို့အိုးထဲတွင် ရရှိသော မလိုင်ဖတ် (ပထမအလွှာ) ကို ခပ်ထုတ်ပြီး ခွက်တစ်ခုထဲသို့ ထည့်ပါ။

(၂) ထိုခွက်ထဲသို့ ဒိန်ချဉ် မလိုင်များ အနည်းငယ်ထည့်ပါ။ သမအောင် မွှေပါ။ သစ်သီးဖျေ်ာစက် (blender)ထဲသို့ ထည့်ပြီး မွှေလို့လည်း ရပါတယ်။ အဓိက ကတော့ နှံ့စပ်အောင် မွှေဖို့ လိုအပ်ပါတယ်။

(၃) ထို့နောက်မှာတော့ ထောပတ်များ ရရှိပြီ ဖြစ်ပြီး အရည်များ အနည်းငယ် ထွက်လာလျှင် စစ်ထုတ်လိုက်ပါ။ နွားနို့နှင့် ဒိန်ချဉ်မလိုင်များ ခပ်ထုတ်ရာက အရည်များ ပါ၀င်နိုင်တာမို့ ပြန်လည်စစ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။

(၄) ထို အနှစ်များကို ပုံစံခွက် တစ်ခုထဲသို့ ထည့်ပြီး ရေခဲသေတ္တာ အအေးခန်း (freezer) ထဲသို့ တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် ထည့်ထားပါ။ 

အခုဆိုရင်တော့ အရသာ ရှိပြီး သန့်ရှင်း သပ်ရပ်လှသော ထောပတ် ရရှိပြီပဲ ဖြစ်ပါတယ်။ ထောပတ်ကို ပေါင်မုန့်နဲ့ တွဲဖက်စားရင်လည်း လိုက်ဖက်သလို ထမင်းကြော်တဲ့ အခါမျိုး၊ ဟင်းချက်တဲ့ အခါမျိုးမှာလည်း ထည့်စားဖို့ သင့်တော်ပါတယ်။ တစ်ခါလုပ်ထားပြီးရင်လည်း ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ အစားအသောက် ဖြစ်တာမို့ ခဏ ခဏ လုပ်နေစရာလည်း မလိုပါဘူး။

ချစ်ရသောသူများနဲ့အတူ အိမ်လုပ် ထောပတ်လေးကို မျှဝေ သုံးဆောင်လိုက်ရအောင်။

သတင်းအရင်းအမြစ် - YouTube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။