အိမ်ဖြည် ့အသင်းမဟုတ်ကြောင်းသက်သေပြရမယ် ့မြန်မာ

ဒီနေ ့ညနေရး၃၀မှာ မြန်မာယူ-၂၃နဲ့ဥဇဘက်ကစ္စတန်ယူ-၂၃

တို ့ကစားကြပါတော ့မယ် ။မြန်မာအသင်းပါ၀င်တဲ့အုပ်စုမှာ

ဗီယက်နမ်၊ဥဇဘက်တို ့ပါ၀င်ပြီးအုပ်စုပထမရသူကဗိုလ်လုပွဲ

ကစားရမှာဖြစ်ပြီးအုပ်စုဒုတိယရသူကတတိယနေရာလုပွဲ

ကစားရမှာပါ။အုပ်စုနောက်ဆုံးနေရာကအိမ်ဖြည် ့အသင်းပေါ ့။

မြန်မာကရှေ ့ပွဲမှာ ဗီယက်နမ်ကိုရှုံးပြီးပါပြီ။ဒီပြိုင်ပွဲမှာအိမ်ဖြည် ့အသင်း

မဖြစ်ချင်ဘူးဆိုရင်တော ့ညနေပွဲကိုအနိုင်ကစားရပါမယ်။

ကံမကောင်းစွာနဲ့ပဲဥဇဘက်ဟာဗီယက်နမ်ထက်ပိုတောင် ့တင်း

တဲ့အသင်းဖြစ်နေခဲ့ပါတယ်။အာရှယူ၂၃ခြေစစ်ပွဲအောင်ခဲ့ရာမှာ

သူကျော်ဖြတ်ခဲ့တာက UAE၊လက်ဘနွန်နဲ့နီပေါတို ့ပါ။

အားလုံးကိုလည်းခြေပြတ်ဂိုးပြတ်တွေနဲ့အနီုင်ကစား

ခဲ့တာပါ။အရပ်အမောင်းမြင် ့မားပြီးဘောလုံးစွမ်း

ရည်ထက်မြက်တဲ့ဥဇဘက်အသင်းကိုမြန်မာတို ့အနိုင်ရပါ့မလား။

ဂတ်ဆီဇီအနေနဲ့ ဒီပွဲမှာ ပရိသတ်တွေနှစ်သက်နိုင်လောက်တဲ့

ရလဒ်တစ်ခုကိုရယူပေးဖို ့လိုနေပါပြီ။

မြန်မာအသင်းရဲ့ရှ ှုံးပွဲတွေနဲ့အတူသူ ့အပေါ်မကောင်းမြင်မှှုတွေတိုးပွားလာနေပါတယ်။

ကစားသမားတွေအနေနဲ့လည်းဗီယက်နမ်နဲ့ပွဲကထက်အချိတ်အဆက်ပိုမိအောင်ကြိုးစားရမှာဖြစ်ပြီးတစ်ဦးချင်းအမှားတွေ

မလုပ်မိဖို ့လိုပါတယ်။တိုက်စစ်ကဝင်းနိုင်ထွန်းမရှိန်ဖို ့လိုသလို

ဂိုးသမားဆန်းဆက်နိုင်အနေနဲ့လည်းဗီယက်နမ်နဲ့ပွဲကလိုဘောလုံးတွေ

ထွက်မဆွဲသင် ့တာတွေမဆွဲဖို ့လိုပါမယ်။ဂတ်အနေနဲ့ စည်သူအောင်၊

မောင်မောင်လွင်ကိုကွင်းလယ်မှာကစားစေမယ် ့အစားအရင်လိုတောင်ပံတွေမှာ

ကစားစေသင် ့ပါတယ်။ဂတ်အနေနဲ့ ပြောင်မြောက်တဲ့ဗျူဟာတွေကို

ဒီနေ ့ညနေမှာထုတ်ပြဖို ့တော ့လိုပါပြီ။သူ့ရဲ့ပွဲပြီးဆင်ခြေတွေကို

ပရိသတ်တွေတကယ်ကိုငြီးငွေ ့နေကြပြီဆိုတာကို သူသတိချပ်ရပါမယ်။

Photo-FAT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။