ပရိသတ်အချစ်တော် ဝိုင်းစုကတော့ သူမရဲ့ မကြာခင် ထွက်ရှိတော့မယ့် “ဂါ” Music Video လေးကို ပရိသတ်တွေလက်ထဲ ပို့ပေးတာ့မှာဖြစ်ပါတယ်..။

“ဂါ” MTV ကို အကောင်းဆုံး ရိုက်ကူးထားပြီး ပေါက်တဲ့ သီချင်းတွေကိုသာ MTV ရိုက်ကူးဖို့ အတွက် ရင်းနှီးတဲ့ အနုပညာရှင်တွေက အကြံပေးခဲ့ပေမယ့် (၈)ပုဒ်အထိကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။

MTV ရိုက်ကူးရာမှာ တစ်ခွေထက်တစ်ခွေ ကုန်ကျစရိတ်များတာကြောင့် တတ်နိုင်တဲ့ ပရိသတ်များက အနုပညာရှင်တွေကို ကူညီတဲ့ အနေနဲ့ မူရင်းအခွေကို ဝယ်ယူအားပေးစေလိုပါတယ်လို့ ဆိုပါတယ်..။

“ကျန်တဲ့အပုဒ်တွေက မမီ တာလည်းပါတယ်။ အဓိကက One Lady Show နဲ့ ဒီအခွေက ချိတ်ထားတာ။ One Lady Show လက်မှတ်လည်း မဲဖောက်ပေးချင် ပါတယ်။ အဲဒါကြောင့် ရှစ်ပုဒ်ပဲ မီလိုက်တယ်’’ လို့ MTV နဲ့ ပတ်သက်ပြီးလည်း ပြောထားပါတယ်..။

“အခွေတွေက တဖြည်း ဖြည်း ကုန်ကျစရိတ်တွေတက်တက်လာတယ်..။ မက်လောက်စရာကနေ မျက်လှည့်ဆိုရင် နှစ်ဆတက်တယ်..။ မက်လောက်စရာ စရိုက် တုန်းကဆိုရင် ၁၅ သိန်း၊ မျက် လှည့်ကျတော့ ၃၀။ ဒါက Title သီချင်းပဲရှိသေးတယ်..။

အခု ခြောက်ခွေမြောက် ရှိပြီဆိုတော့ အဲဒီမှာတင် ချိန်ကြည့်လို့ရတယ်။ အခုတစ်ပုဒ်ရိုက်ရင် အနည်းဆုံး သိန်း လေး၊ ငါး၊ ခြောက်ဆယ်သွားတယ်’’ လို့ MTV ရိုက်ကူးမှုတွေအပေါ် ကုန်ကျစရိတ်တွေ များလာတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။

MTV အခွေကို ဒီဇင်ဘာ(၁၆) ရက်နေ့မှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး အခွေထွက်ရှိတဲ့နေ့ ဒီဇင်ဘာ(၁၆) ရက်နေ့မှာ ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရ လက်မှတ်များရေးထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်..။

မန္တလေးမှာတော့ လာမယ့် ဒီဇင်ဘာ(၁၇)ရက်နေ့မှာ မန္တလေးမြို့ရှိ မင်္ဂလာမန္တလေး အိုးရှင်းစင်တာမှာ ပရိုမိုးရှင်းပွဲကို ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်..။

သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကိုတော့ လာမယ့် ဒီဇင်ဘာ(၂၄)ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Source – 7day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။