မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြတဲ့ မန်ချက်စတာဒါဘီပွဲ တွင် မန်စီးတီးအသင်းကတော့ ၂ ဂိုး ၁ဂိုးရလဒ်နဲ့ပဲ အဝေးကွင်းမှာ အနိုင်ယူခဲ့ကာ ချန်ပီယံဆုအတွက် အနီးဆုံးခြေလှမ်းတစ်လှမ်းကို လှမ်းနိုင်ခဲ့ပါတယ်။ ဒါဘီပွဲဖြစ်တာနဲ့အညီ ပွဲချိန်အတွင်း နှစ်သင်းစလုံးရဲ့ ကစားပုံများမှာ ကြမ်းတမ်းမှုတွေ ရှိခဲ့ပြီး ပွဲအပြီးမှာတော့ နှစ်ဖက်အသင်းသားတွေဟာ ဥမင်လှိုင်ခေါင်းအတွင်း ရန်ဖြစ်ခဲ့ကြတယ်လို သတင်းအခိုင်အမာဖြင့်ဖော်ပြခဲ့ပါတယ်။

ပွဲအပြီးတွင် မန်စီးတီးကစားသမားများက မိမိတို့ အနိုင်ရလဒ်အတွက် အဝတ်လဲအခန်းတွင် အကြီးအကျယ် အောင်ပွဲခံနေရာကနေ ပြသနာတွေ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မန်စီတီးကစားသမားများရဲ့ သီးချင်းဖွင့်ပြီး ဆူညံစွာအောင်ပွဲ ခံနေမှုဟာ လေးစားမှုကင်းမဲ့ လွန်းတယ်လို့ ယူနိုက်တက်နည်းပြ မော်ရင်ဟိုက ယူဆပြီး အဝတ်လဲခန်းအတွင်း ၀င်ရောက်လာခဲ့ရာမှ ရန်ပွဲစတင်လာခဲ့တာ ဖြစ်ပါတယ်။ ကနဦးမှာတော့ မော်ရင်ဟို နဲ့ မန်စီးတီး ဂိုးသမား အီဒါဆင်တို့ အပြန်အလှန်အော်ဟစ်ခဲ့ကြပြီး နောက် နှစ်ဖက်အသင်းသားတွေအားလုံး ပါ၀င်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ မော်ရင်ဟိုလဲ ပုလင်းခွံနဲ့ ပစ်ပေါက်ခံခဲ့ရတယ်လို့ သိရပါတယ်။ မန်စီးတီးဘက်က လက်ထောက်နည်းပြ အာတီတာနဲ့ အခြားဝန်ထမ်းအနည်းငယ် ထိခိုက်မှုတွေရှိခဲ့ကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။ ယူနိုက်တက်ဘက်ကလဲ ဒီရန်ပွဲကို ပါ၀င်ပတ်သက်သူတွေထဲမှာ လူကာကူ က အထင်ရှားဆုံးဖြစ်တယ်လို့ ဖော်ပြထားပြီး နှစ်ဖက်တင်းမာမှုတွေကိုတော့ အိုထရက်ဖို့က တာဝန်ကျရဲတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေက ၀ိုင်းဝန်းဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။

Source - SM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။