အလှမယ် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ သူမရဲ့ လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကို ပြောပြလာပါတယ်..။

လက်ရှိမှာတော့ အချစ်ရေးက အေးဆေးနေပြီး ထူးခြားရင် ပရိသတ်တွေကို အားလုံး အသိပေးသွားမှာပါလို့ ဆိုပါတယ်..။

အချစ်ရေးနဲ့ ပတ်သက်ရင် အေးဆေးပြီး ပွင့်လင်းတဲ့ သူမကတော့ အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ဘယ်အချိန်မှာ ဘယ်လို ရွေးချယ်သွားမယ်ဆိုတာကို ပြောပြထားပါသေးတယ်..

“ချစ်သူကတော့ သူ့ဟာနဲ့သူ အလိုလို ရောက်လာမှာပါ.. ရှာစရာတော့ မလိုဘူးထင်တာပဲ..။ ညီမ အနေနဲ့ ကိုယ့်ရှေ့က စီနီယာအစ်မတွေ မနန်းမြတ်တို့ဆိုလည်း တအား သိုဝှက်တယ်လေ..။

ဒါပေမယ့် ညီမကတော့ သိုဝှက်တဲ့ အထဲ မပါ ပါဘူး.. တကယ် အချိန် အပိုင်းအခြား တစ်ခုရောက်ရှိလို့ အသိပေးဖြစ်ခဲ့ရင်တော့ ညီမကတော့ အသိပေးဖြစ်မှာပါ..။

ရှိတယ် မရှိဘူးဆိုတာထက် မိန်းကလေးတစ်ယောက် အနေနဲ့ကတော့ အများကြီး အဘက်ဘက်ကနေ ကြည့်ပြီးတော့ပေါ့နော်.. ညီမဆိုလည်း အနုပညာအလုပ်ကို လုပ်နေရတဲ့အတွက် အနုပညာအလုပ်ကိုပဲ သေချာလေး တစိုက်မတ်မတ် လုပ်ဖြစ်တယ်ပေါ့နော်.. ။

အချစ်ရေးဖြစ်ဖြစ် အိမ်ထောင်ရေးဖြစ်ဖြစ် သေချာရွေးချယ်ခွင့်ရတဲ့ အသက်အပိုင်းအခြားရောက်မှပဲ သေချာရွေးချယ်ပြီးတော့ သေချာ စဉ်းစားဖြစ်မှာပါ..။

အခုလောလောဆယ်ကတော့ အနုပညာအလုပ်ကိုပဲ သေချာအားစိုက်ပြီး လုပ်ဖြစ်မှာပါ..” လို့ သူမက ပြောထားပါတယ်..။

လတ်တလောမှာတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး မဂ္ဂဇင်း၊ ဓာတ်ပုံကြော်ငြာများ ရိုက်ကူးနေပြီး လာမယ့် ဒီဇင်ဘာ(၂၀)ရက်နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်..။

Source – Popular

Photo - ခင်ဝင့်ဝါfb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။