မျက်လုံးနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ရွှေထက် တန်းဖိုးရှိတဲ့ မျက်လုံး၊ အမြင်အာရုံ လေးတွေကိုကာကွယ်ဖို့ နည်းလမ်းလေတွေ တင်ပြလိုက် ရပါတယ်။ အရင်ဦးဆုံး အတွင်းတိမ် အကြောင်းလေးတွေပြောပေးပါမယ်။ အတွင်းတိမ် ရောဂါရှိလာပြီဆိုရင် မျက်စီမှာပါတဲ့ မှန်ဘီလူးဟာ နောက်ကျိလာကာ အမြင်ဝေဝါးခြင်း၊ အလင်းရောင်ကိုကောင်းစွာ မခံနိုင်တော့ပါဘူး။ ဒါကြောင့်နေပူပူမှာ အပြင်ထွက်မယ် ဆိုရင်လည်း ခရမ်းလွန်ရောင် ခြည်ကိုကာကွယ်တဲ့ နေကာမျက်မှန် ဝတ်ဆင်ထားရပါမယ်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြည်ရပါမယ်၊ ကိုယ်အလေးချိန်ထိန်းချုပ်ခြင်း ဆီးချိုရောဂါ များရှိရင်လည်း ကောင်းစွာ ကုသခံယူရ ပါမယ်။ ဆီးချိုရောဂါကလည်း အမြင်လွှာတွေ ဖောင်းလာပြီး သွေးကြောများ ပေါက်ခြင်းကြောင့် နာကျင်ခြင်းကိုခံစားရပါလိမ့်မယ်။ အမြင်လွှာ တွေပျက်စီးတာကို ကာကွယ်ဖို့ အချိန်မှန် စစ်ဆေးမှုခံယူသင့်ပါတယ်။

ရေတိမ်ဟာဆိုရင်လည်း မျက်လုံးထဲမှာရှိသင့်တဲ့အရည်ထက် ပိုများနေမယ်ဆိုရင် အာရုံကြော တွေကို ပျက်စီးတယ်တာကြောင့် မြင်ကွင်းတွေဝေဝါးလာပြီး အလယ်ဗဟိုမြင်ကွင်းကို ပါထိခိုက်လာစေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံတွေဟာပျက်စီးလာကာ စာဖတ်ခြင်း၊ကားမောင်းခြင်း၊ TV ကြည့်ခြင်းတို့တွင် အခက်ခဲတွေ့လာရပါတယ်။ဒါကြောင့် အမြင်အာရုံချို့တဲ့ခြင်းထဲမှာ ဆေးလိပ်သောက်ခြင်းက အဓိကပါဝင်တာကြောင့် ရှောင်ကြဉ် သင့်ပါတယ်။ သွေးပေါင် ချိန်ထိန်းထားခြင်း၊ သွေးတွင်းအဆီမတက်အောင် ထိန်းထားခြင်း တို့ကိုပြုလုပ်သင့်ပါတယ်။ အဝေးမှုန်ခြင်းက မြင်လွှာရှေ့မှာ အလင်းတွေစုပုံသွား၍ မှုန်ခြင်းဖြစ်ပြီး၊ အနီးမှုန်ခြင်းကတော့ အမြင်လွှာကျော်ပြီး အလင်းတွေစုပုံသွား၍ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ သူငယ်အိမ် စောင်ခြင်းဖြစ်ပါတယ်။ အလင်းတွေဟာ မြင်လွှာခံမျက်နှာပြင်ပေါ်ကို မညီမညာကျရောက်လို့ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတာနဲ့အမျှ မျက်လုံးလေးတွေကို တစ်နှစ်တစ်ကြိမ် စစ်ဆေးမူတွေ လုပ်ပေးသင့်ပါတယ်နော်။ အစိမ်းရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ အခေါင်းပါဝါးစားနိုင်တဲ့ ငါးကလေးတွေစားပေးရပါမယ်။ ခုခေတ်မှာသခွားသီး တွေအဝုုိင်းလိုက်လှီးပြီး မျက်လုံးမှာ ကပ်ထားရင်လည်း မျက်စီးကြည်လင်စေပါတယ်နော်။ ပြီးတော့ အစိမ်းရောင်ရှိတဲ့ သစ်ပင်တွေ၊ ကိုယ်အနီးနားမှာ အစိမ်းရောင်လေးတွေပါတဲ့ ပိုစတာလေးတွေ ထားရင်လည်း မျက်လုံးအတွက် အေးမြစေပါတယ် လို့အကြံ ပြုလိုက်ပါရစေနော်။

Source : ကျန်းမာရေးဗဟုသုတများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။