လူခန္ဓာကိုယ်ရဲ့ ညာဘက်ခြမ်းအောက်ပိုင်းနားမှာတည်ရှိနေတဲ့ အူအတက်ဟာ လက်ချောင်း ပုံစံလေးအဖြစ် ထိုးထွက်နေတတ်ပါတယ်။ ယေဘူယျအားဖြင့်တော့ ၈-၁၀ စင်တီမီတာ ဝန်းကျင်လောက်ရှည်လျား တတ်ပါတယ်။ အူအတက်ရောင်တတ်တဲ့ သူတွေကတော့ အသက်အရွယ် မရွေးဖြစ်နိုင်သော်လည်း အသက်(၁၀)နှစ်မှ (၃၀) ကြားတွင် အဖြစ်များ တတ်ပါတယ်။ အူအတက်ရောင်ရခြင်းဟာ အူအတက်အတွင်းပိုင်း ပိတ်ခြင်းကြောင့် ရောင်ရခြင်းဖြစ်ပါတယ်။

အူအတက်ကဘာကြောင် ့ပိတ်ရသလဲဆိုတော့ -

-အစာဟောင်းများ (မစင်) ကြောင့်ပိတ်ရခြင်း

-သံကောင်၊ကပ်ပါးကောင်များဝင်ခြင်းကြောင့်ပိတ်ရခြင်း

-နာတာရှည်အစာအိမ်၊အူလမ်းကြောင်းရောဂါများကြောင့်ပိတ်ရခြင်း

-ဝမ်းဗိုက်အတွင်းထိခိုက်ဒဏ်ရာပြင်းထန်စွာရခြင်းကြောင့်ပိတ်ရခြင်း

အစာအိမ်နှင့် အူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်လည်း အူအတက်နံရံ များတွင်အကျိတ်များ ကြီးလာပြီး ပိတ်ရခြင်း အူအတက်ကင်ဆာကြောင့် ပိတ်ရခြင်း စသည်တို့ဖြစ်ပါတယ်။ ဘယ်လိုပဲပိတ်ပိတ် အူအတက်ရောင်လာပြီး ဆိုရင်တော့ ဆေးရုံပြေးရမှာဖြစ်ပါတယ်။ အချိန်မှှီဆေးရုံ မရောက်ရှိပါကလည်း ဘက်တီရီးယားများပေါက်ဖွားကာ အသက်ဆုံးရှုံးနိုင် တာကြောင့်ဖြစ်ပါတယ်။

လူတစ်ချို့ကျတော့လည်း အူအတက်မပေါက်ဘဲ အချိန်ကြာလာတာနဲ့ အူအတက်တွင်း ဘက်တီရီးယားတွေ ပွားများလာပြီး အူအတက်ပြည်တည်တဲ့အထိ ဖြစ်တတ်ပါတယ်။ ပြည်တည်နေတဲ့ အူအတက်ဟာ သွေးပို့နေတဲ့သွေးကြောတွေပါဖိမိပြီး အူအတက်အတွင်း သွေးမလျှောက်တော့ဘဲ တဖြည်းဖြည်း အူအတက်ပုပ်လာခြင်းဖြစ်ပါတယ်။ အူအတက် ရောင်ပြီးဆိုင်ရင် ဝမ်းဗိုက်ညာအောက်ခြမ်းက ရုတ်တရက်နာခြင်း၊ ပထမပိုင်းတွင် ချက်အနီးတစ်ဝိုက် ရုတ်တရက်နာကျင်ပြီး နောက်ဝမ်းဗိုက်ညာဘက် အောက်ပိုင်း နာကျင်လာပါတယ်။ အူအတက်ရောင်ပြီးဆိုရင် လှုပ်ရှားလျှင်ပိုနာကျင်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ တစ်ငွေ့ငွေ့ဖျားခြင်း၊ စသည့်ခံစားခြင်းမျိုးခံစားရပါတယ်၊ အူအတက်ရောင်တဲ့သူတွေကို ပိုးသတ်ဆေးပေးလို့မရပါဘူး ၊အူအတက်ကိုခွဲထုတ်ပစ်လိုက်ရတာပိုများပါတယ်။ အူအတက်ရောင်ခြင်းကို ကာကွယ်ဖို့အတွက်နည်းလမ်းတော့ မရှိပါဘူး၊ဒါပေမဲ့ အမျှင်ဓာတ် ကြွယ်ဝတဲ့အသီး၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးလို့ရပါတယ်နော်။ ကျန်းမာ ပျော်ရွင်တဲ့ ဘဝတွေပိုင်ဆိုင်နိုင်ပါစေ။

source : ကျန်းမာရေးဗဟုသုတများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။