Xiaomi ကတော့ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ တံဆိပ်တစ်ခုပါ။ Xiaomi ဖုန်းတွေက တန်ဖိုးလဲနည်းကာ ကိုင်တွယ်ရတာလည်းကောင်းတာကြောင့် လူကြိုက်များပါတယ်။ ဖုန်းတွေ၏တန်ဖိုးတွေကလည်း လူလတ်တန်းစားတွေအတွက်လည်း အဆင်ပြေပါတယ်။ ပေးရတဲ့စျေးထက်ပိုကောင်းတယ်လို့လည်း အမာခံအသုံးပြုသူတွေက ပြောကြားလေ့ရှိပါတယ်။ 

ယခုအခါမှာတော့ Xiaomiပရိသတ်တွေအတွက်ဖုန်းအသစ်လေးထွက်ရှိလာပါတယ်။ ဖုန်းကတော့ Xiaomi Redmi 5ပဲဖြစ်ပါတယ်။ ဖုန်းရဲ့Screen အရွယ်အစားကတော့ ၅.၇လက်မဖြစ်တာမို့ Gameနိုပ်ကောင်း ရုပ်ရှင်ကြည့်ကောင်းမှာ အမှန်ပါပဲ။ Screen၏ Resolution ကတော့ 720x1440 pixels ဖြစ်တာမို့ ရုပ်သံကြည်လင်နေမှာပါ။ ဖုန်း၏ RAM ကတော့ 2 GB ပဲဖြစ်ပါတယ်။ဒါ့အပြင် လက်ဗွေရာစနစ်လည်း ပါ၀င်ပါတယ်။

ဖုန်းမှာသင်ကြိုက်တာတွေ သိုလှောင်နိုင်ဖို့ သိုလှောင်နိုင်စွမ်းအဖြစ် 16 GB နှင့် 32 GB ဆိုပြီး ဖုန်း၂မျိုးကွဲသွားပါတယ်။ ကင်မရာတွေကတော့ ပုံလှလှတွေရိုက်နိုင်ဖို့ 12 Megapixels ရှိတဲ့ ကင်မရာပါ၀င်ပြီင်္း Selfieလှလှလေးတွေ ရိုက်နိုင်ဖို့ 5 Megapixels Front Camera ပါ၀င်ပါတယ်။ ဘက်ထရီကလည်း 3300mAH ဖြစ်တာမို့ အကြာကြီး အသုံးပြုနိုင်မှာပါ။ Redmi 5 ၏စျေးနှုန်းကတော့ 16 GB အတွက် တစ်သိန်း၆သောင်းခွဲခန့်ရှိကာ 32 GB အတွက်က တစ်သိန်း၉သောင်းခန့်ရှိတာမို့ စျေးနှုန်းသင့်တယ်လို့ ဆိုနိုင်ပါတယ်။

Hein (Mg Lu Aye)

Source – Gadgets360

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။