အကူအညီလိုနေသော နွမ်းပါးကလေးလူနာ

....... မြိတ်မြို့ ကျောက်ဖျာကျေးရွာ ရွာအဝင်လမ်းထိပ်တွင်နေထိုင်သော ဦးစောခူခစောဝါ. ဒေါ်ခိုင်အေး တို့၏ သား အသက် ၁၁.လ အရွယ် မောင်ပိုင်လင်းစိုး မှာ မွေးရာပါ ခေါင်းကြီးရောဂါဝေဒနာ ခံစားနေရကာ မိဘများမှာလည်း ချိုတဲ့လွန်းပါ၍ အတိဒုက္ခရောက်နေကြောင်း ကျောက်ဖျာ ဓမ္မိကာရာမဆရာတော် ဦးဇင်းထွန်းရှိန် မှ ကူညီပေးပါရန် အသိပေးလာပါ၍ ယနေ့ ကွန်ရက် မောင်နှမများ စုံညီစွာ ကလေးရှိရာကျောက်ဖျာရွာ သို့ အကူပေးရန်သွားရောက်ခဲ့ကြပါသည် ။ ကလေး မှာ မွေးရာပါ ခေါင်းအတန်ငယ်ကြီးနေရာ မှ ယခုလ ၁၁ လသား အရွယ် တွင် ကလေးငယ်လေးမှာ ခန္တာကိုယ်နှင့် မမျှလောက်အောင် ကလေး၏ ခေါင်းမှာ တပေကျော်လောက်ထိ တဖြည်းဖြည်းကြီးမားလာကာ ကြီးစွာဒုက္ခရောက်နေရပေတော့၏။ ကလေး၏ မိဘများမှာ ကလေးကို ဆေးကုသမူပေး လိုသော်လည်း နေ့စားအလုပ်သမားများ သာဖြစ်ကြသည်မို့ များစွာစိတ်သောက ရောက်လျှက်ရှိကြပါသည် ။

ယခုလို ရင်သွေးငယ်၏အခြေအနေဆိုးဝါးနေချိန် မိဘများမှာ ဆေးကုသစရိတ်အခက်အခဲ ကြုံတွေနေရသည်ကို ကိုယ်ချင်းစာမိပါသည်။

ထိုကြောင့်ပင်ကျွန်တော်တို့ ပရဟိတမောင်နှမများကွန်ရက် မောင်နှမများတို့မှ ကလေးအတွက် အထောက်အပံ့ ဖြစ်စေဖို့ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) ကလေး၏ မိခင် အား ပေးအပ်လှူဒါန်းပေးခဲ့ပါသည် ။ စေတနာရှင်များအနေဖြင့် ကျောက်ဖျာရွာ မှ ခေါင်းကြီးကလေးငယ် အား ကူညီလိုပါက သဒ္ဒါတတ်အားနည်းများမဆို ကိုယ်တိုင်ကိုယ်ကျသွားရောက်၍သော်လည်းကောင်း၊ ကျောက်ဖျာဓမ္မိကာရာမဆရာတော် မှတဆင့်သော်လည်းကောင်း ၊

ကွန်ရက်မောင်နှမများ မှ သော်လည်းကောင်း ပါဝင်ကူညီလှူဒါန်းပေးနိုင်ကြဖို့.

အသိပေးဖော်ပြအပ်ပါသည် ခင်ဗျား ။

.....မေတ္တာ များစွာဖြင့် kokogyee

~ဓမ္မိကာရာမ ဆရာတော် ကျောက့်ဖျာရွာ (ဦးဇင်း ထွန်းရှိန် Ven TunShein)

Ph, 09421181088

ပရဟိတမောင်နှမများကွန်ရက်

09250838379(ဦးမြင့်သန်း) MyintThan

09450993538(ဦးမင်းလွင်ဦး) min lwin oo

0941005266(ဒေါ်မိမာ) Ma Mi Mar

09422225952(ဒေါ်ဖြိုးဖြိုးဝေ) Daw PhyoWai

Credit - Daw Phyo Phyo Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။