ထိုင်းနိုင်ငံသူနိုင်ငံသားများ အာရုံစိုက်နေကြတဲ့ ကိုယ်တွင်းအင်္ဂါများ ထုတ်ဖယ်ခြင်းခံထားရပြီး ပဟေဠိဆန်စွာ သေဆုံးသွားခဲ့တဲ့ စစ်ဗိုလ်လောင်း ရဲ့ရုပ်အလောင်းကို ဒီဇင်ဘာ ၁၀ ရက်တွင် ၎င်းရဲ့ မိသားစုဝင် များက အသုဘချ သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသူ ဗိုလ်လောင်း ပါကာပွန်(၁၈နှစ်) ဟာ အောက်တိုဘာလ အတွင်း ဘန်ကောက်အပြင်ရှိ လေ့ကျင့်ရေး စစ်သင်တန်းတွင် နှလုံးဖောက်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန် ထားတာပဲဖြစ်ပါတယ်။

ပါကာပွန်ရဲ့ မိသားစုဝင်များဟာ သေဆုံးမှု အကြောင်းရင်းအပေါ် သံသယရှိ နေခဲ့တာကြောင့် ထိုင်းစစ်တပ်မှ အရာရှိများအား တောင်းဆိုခဲ့ပြီး ရင်ခွဲစစ်ဆေးခဲ့ရာ အလောင်းတွင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် အစာအိမ်များ ထုတ်ဖယ်ခံထားရသည်ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ၎င်းဖြစ်ရပ်အတွက် သေဆုံးရသည့် အကြောင်းရင်းကို ဖုံးကွယ်ပစ်လို၍ဟုဆိုကာ စိတ်ဆိုးဒေါသများ ထွက်နေကြပြီး ယင်းကိစ္စရပ်က ထိုင်းနိုင်ငံတွင် အထူးအရေးကြီးတဲ့ သတင်းတစ်ရပ်အဖြစ် စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မူခင်းသိပ္ပံဗဟိုကျောင်းကလည်း အလောင်းကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ရာ ဗိုလ်လောင်း ပါကာပွန် ရဲ့ ကိုယ်တွင်းဒဏ်ရာများ တွေ့ရှိရတာကြောင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရ၍ သေဆုံးခြင်းဖြစ်တယ် လို့ ကောက်ချက်ချထား တာပဲဖြစ်ပါတယ်။

သေဆုံးသူ ဗိုလ်လောင်း ပါကာပွန် ရဲ့ အလောင်းတွင် နံရိုးများ ကျိုးနေတာကိုလဲ တွေရှိခဲ့ရပြီး ရှေးဦးသူနာပြုစုနည်းဖြင့် ကုသထားခြင်းမရှိတဲ့ လက္ခဏာများကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ရင်ခွဲ စစ်ဆေးသူများရဲ့ ပြေားကြာချက်များ အရသိရပါတယ်။ 

အဆိုပါ တွေ့ရှိချက်များကြောင့် စစ်တပ်က ဖြေရှင်းချက်ထုတ်ထားသော နှလုံးဖောက်၍ သေဆုံးခြင်း ဆိုတဲ့ထုတ်ပြန်အချက်အပေါ် မကျေမချမ်းမှုများ ပိုမိုတိုးပွားလာခဲ့ကာ စစ်မှုထမ်းသစ်များအပေါ် ပြုမူဆက်ဆံခြင်းများနှင့် ပတ်သက်ပြီး ထိုင်းပြည်သူများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်ခဲ့ရတာ ပဲဖြစ်ပါတယ်။ 

Source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။