ချောင်းနှစ်ခွရဲစခန်း၌ ရဲအချင်းချင်း အဝေမတည့်သဖြင့် ဓါးထိုးမှုဖြစ်ပွါး

၂၀-၁၁-၂၀၁၆ရက်နေ ့ည(၁၀)နာရီအချိန်ခန် ့တွင် မွန်ပြည်နယ်ကျိုက်မရောမြို ့နယ် ချောင်းနှစ်ခွရဲစခန်း၌

ရဲအချင်းချင်းဓါးထိုးမှုဖြစ်ပွါးခဲ့ပါသည်။

ဖြစ်စဉ်အသေးစိတ်မှာ ရဲတပ်သား ထက်မြတ်ဝင်းအား ဂိတ်တာဝန်

မချသဖြင့် ပိုက်ဆံမရသောကြောင့်အခြေ

အတင်စကားများရာ စခန်းမှူးမှ ထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲတပ်သားမှ အိမ်သို ့ဓါးပြန်ယူပြီး စခန်းမှူး၏

လည်ပင်းအားထိုးခဲ့ရာ ရှောင်တိမ်းလိုက်သဖြင့်

ဝဲဘက်ပုခုံးပြတ်ရှဒဏ်ရာရရှိခဲ့ပြီး

ဒဏ်ရာအား(၈)ချက်ချုပ်လိုက်ရပါသည်။

၉-၁၁-၂၀၁၆ ရက်နေ ့တွင် သစ်ကားတစ်စီးအား

ငွေကြေးရယူပြီးစခန်းမှူးမှ မတရားဖမ်းဆီးခြင်း

တောင်ကလေးကင်းမှူးမှ သွားလာနေသည့့်ယာဉ်များအား

မူးယစ်၍တားဆီးခြင်း

ငွေကြေးတောင်းခံခြင်း ယာဉ်/ယာဉ်မေါင်း

လိုင်စင်များအား အကြောင်းမဲ့သိမ်းယူခြင်း

ဒုရဲအုပ် သီဟအောင် ဒုရဲအုပ်ဇေယျာလင်း

တို ့မှတရားမဝင်လိုင်စင်မဲ့ကားများအား

ချိတ်ဆက်ပို ့ဆောင်ခြင်းနှင့်အချင်းချင်း

သင့်မြတ်မှုမရှိကြောင်းတို ့အား ပြည်ထောင်

စုဝန်ကြီး(ပြည်ထဲရေး)နှင့် ရဲချုပ်တို ့ထံအသိ

ပေးတိုင်ကြားခဲ့သော်လည်း တာဝန်ရှိသူ

မြို ့နယ်မှူး ပြည်နယ်မှူးများမှ အရေးယူ

ဆောင်ရွက်ခြင်းမရှိခဲ့သောကြောင့်

ယခုကဲ့သို ့ငွေကြေးကိစ္စအားအကြောင်းပြု၍

အချင်းချင်းဓါးထိုးမှုတောင်ဖြစ်ပွါးခဲ့ရပါသည်

ဂိတ်တာဝန်ချထားခြင်းမှာ လုံခြုံရေးတာဝန်

ဆောင်ရွက်ရမည်ဖြစ်သော်လည်းလုံခြုံရေး

ထက် ငွေကြေးတောင်းခံရေးကိုသာအဓိက

လုပ်နေသဖြင့် ဂိတ်တာဝန်မချသောအခါ

အဆိုပါ ရဲတပ်သားမှာ အများနည်းတူပိုက်ဆံမရ၍

ယခုကဲ့သို ့ပြဿနာဖြစ်ပွါးရပါတော့သည်။

ယခုကဲ့သိုဒေသခံလူထုနှင်

အဆင်မပြေပါကရေရှည်တွင်အလားအလာ

ကောင်းလိမ့်မည်မဟုတ်ပါကြောင်းထပ်မံ၍

လူကြီးမင်းများအားအသိပေးတင်ပြတိုင်ကြား

အပ်ပါသည်ခင်ဗျား . . .

Credit - Lin Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။