ကလေးငယ်များနှင့် သက်ငယ်မုဒိမ်းမှုအန္တရာယ်

သက်ငယ်မုဒိမ်းမှု မဖြစ်သောရက် မရှိသလောက်ဖြစ်နေ၍ကျူးလွန်သူများကို

လူ့အသိုင်းအဝိုင်း၌ ခေါင်းမဖော်ရဲသည်အထိ ပြစ်ဒဏ်ပေးရန် တောင်းဆိုလာခြင်းများ ထွက်ပေါ်နေပါတယ်။

တစ်လလျှင် ၃၈ မှု၊ တစ်ရက်လျှင် ၁ ဒသမ ၃ မှုနှုန်းဖြင့် နေ့စဉ်နှင့်အမျှ ဖြစ်ပွား နေသော သက်ငယ်မုဒိမ်းမှုကို တည်ဆဲဥပ ဒေအရ အပြစ်ပေးခြင်းထက်ပိုသောပြစ်ဒဏ် မျိုးကိုသီးခြားသတ်မှတ်ပေးရန် သို့မဟုတ် ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းပေးရန် ပြည် သူများက လိုလားလျက်ရှိနေကြကြောင်း နိုဝင်ဘာ ၁၉ ရက်က သိရသည်။

တစ်ရက်လျှင် ၁ ဒသမ ၃မှု

၂၀၁၅ ခုနှစ်အတွင်းက တစ်နိုင်ငံလုံး တွင် သက်ငယ်မုဒိမ်းမှု ပေါင်း ၂၃၀ ကျော် ဖြစ်ပွားခဲ့ပြီး တစ်ရက်လျှင်ပျမ်းမျှတစ်မှုနှုန်း ပင် မရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်ပထမ ၁၀ လအတွင်းသက်ငယ်မုဒိမ်းမှုပေါင်း ၃၈၀ ကျော်ဖြစ်ပွားခဲ့သည်ဟုသိရကာ ယင်းပမာဏအရ တစ်ရက်လျှင် ၁ ဒသမ ၃ မှုနှုန်းဖြစ်ပွားနေခြင်းမျိုးလည်းဖြစ် သည်။ ရန်ကုန်တွင် လေးရက်လျှင်ကလေး ငယ် တစ်ဦးနှုန်း မုဒိမ်းကျင့်ခံနေရခြင်း ဖြစ်ပြီး ဗုဒ္ဓဘာသာ၏ အဆုံးအမ တရား တော်အကြီးမားဆုံးသော မြန်မာနိုင်ငံတွင် ယင်းကဲ့သို ့ဖြစ်ပွားနေခြင်းမှာ ပြစ်မှုနှင့်ပြစ် ဒဏ်မမျှတခြင်း၊ တစ်နည်းအားဖြင့်ဥပဒေ စိုးမိုးမှုအားနည်းခြင်းတို့ကြောင့်သာ ဖြစ် ကြောင်းရှေ့နေများက ဆိုကြသည်။

Source: Myanmar Local News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။