ခဲလေသမျှသဲရေကျရတဲ့မြန်မာအသင်း

မြန်မာယူ-23အသင်းဟာပွဲပြီးခါနီးမှာပေးလိုက်ရတဲ့

ပယ်နယ်တီဂိုးနဲ့ခဲလေသမျှသဲမြေကျခဲ့ရပါတယ်။နှစ်ဂိုးတစ်ဂိုးနဲ့ပွဲ

ပြီးဆုံးတော့မယ့်အချိန်မှာရန်နိုင်ဦးရဲ့မဆင်မခြင်ဖျက်ထုတ်မှု

ကြောင့်ဥဇဘက်အသင်းကိုပယ်နယ်တီပေးလိုက်ရတာက

မြန်မာအသင်းကိုအိမ်ပြန်ဖို့သေချာသွားစေခဲ့ပါတယ်။

ဥဇဘက်အသင်းကိုအနိုင်ရမှသာတတိယလုပွဲအတွက်မျှော်

လင့်ချက်ရေးရေးလေးရှိမှာဖြစ်ပေမယ့်သရေကျသွား

တော့ပြည်တော်ပြန်ဖို့ရာခိုင်နှုန်းများသွားခဲ့ပါပြီ။

ပထမပွဲကတော်တော်ဝေဖန်ခံလိုက်ရတာကြောင့်

ဂတ်တစ်ယောက်ဥဇဘက်နဲ့ပွဲမှာတော့ကောင်းကောင်း

ပြင်ဆင်လာတာကိုတွေ့ရပါတယ်။ဒါပေမယ့်မြန်မာအသင်းဟာ

ပထမပိုင်းမှာသာအကောင်းဆုံးကစားနိုင်ခဲ့ပြီးဒုတိယ

ပိုင်းမှာတော့ကစားအားကျသွားတာကိုတွေ့ရပါတယ်။

ပထမပိုင်းမိနစ်လေးဆယ်ကျော်ကတည်းကဥဇဘက်က

တစ်ယောက်ထုတ်ခံရပေမယ့်ကစားကွက်အသာစီး

မရယူနိုင်ခဲ့တာတော့စိတ်ပျက်စရာပါ။

အသင်းခေါင်းဆောင်စည်သူအောင်ခြေစွမ်းပြသွားတဲ့ပွဲလို့

ပြောလို့ရပြီးမြန်မာအသင်းအတွက်ဦးဆောင်ဂိုးကိုလည်း

သူပဲသွင်းသွားတာပါ။ပွဲရဲ့အကောင်းဆုံးကစားသမား

ဆုကိုလည်းသူပဲရသွားခဲ့ပါတယ်။စည်သူအောင်နဲ့

အပြိုင်ခြေစွမ်းပြသွားသူကတော့လူငယ်ကွင်းလယ်လူ

လွင်မိုးအောင်ဖြစ်ပြီးတစ်ဂိုးဖန်တီးတစ်ဂိုးသွင်းသွားခဲ့ပါတယ်။

မြန်မာအသင်းရဲ့Side Backတွေမှာတော့အတွေ့အကြုံနုတဲ့

ကစားသမားတွေကိုထည့်ခဲ့တာကြောင့်အယိုအပေါက်

တွေတော့တော်တော်များခဲ့ပါတယ်။မြန်မာအသင်း

အနိုင်ရဖို့နီးစပ်ခဲ့ပေမယ်လည်းနာကျင်အချိန်ပိုနောက်ဆုံး

မိနစ်ပယ်နယ်တီကြောင့်ဥဇဘက်နဲ့သရေကျခဲ့ရပါတယ်။

Source-FAT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။