UEFA CHAMPIONS LEAGUE ပွဲကို လက်ရှိ ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်သော အသင်းများမှ ပရီးမီးယားလိဂ် အသင်းမှ ၅သင်းစလုံးပါ၀င်သည့် စံချိန်တင်ခဲ့ပါတယ်။ လက်ရှိ ၁၆ သင်းရူံးထွက်ပွဲစဉ်အတွက် မဲခွဲဆုံးဖြတ်ရာမှာ အကောင်းဆုံးပွဲများဖြစ်လာနိုင်တဲ့ ပွဲစဉ်များကတော့ ဂျုဗင်တပ် အသင်း နှင့် စပါး ၊ ဆီးဗီလာ အသင်းနဲ့ မန်ယူ ၊ ရီးရဲမတ်ဒရစ် အသင်းနဲ့ ပဲရစ် ၊ ချယ်ဆီးအသင်းနဲ့ ဘာစီလိုနာ စသည့် အသင်းများကတော့ အကောင်းဆုံးပွဲကျပ်များဖြစ်လာ နိုင်ပါတယ်။

အဆိုပါ ပွဲစဉ်မဲခွဲမှု အဆုံးတွင် မန်စီးတီး အသင်းကတော့ ဘေဆယ် အသင်းနဲ့တွေ့မှာဖြစ်ပြီး ဒီတစ်နှစ်အတွက် အကောင်းဆုံး ကံတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းကတော့ ပွဲချောင်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အခြားပရီးမီးယားလိဂ်အသင်းများကတော့ ပွဲကျပ်များနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ချန်ပီယံဆု အတွက် ခံမှန်းထုတ်ထားသော အသင်းများစွာ ကျန်ရှိနေပြီး မကြာမီ ယှဉ်ပြိုင်မည် ၁၆ သင်းရူံးထွက်ပွဲ အတွက်လည်း အသင်းတိုင်းက ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။

ဘောလုံးချစ်ပရိသတ်များအတွက် အကောင်းဆုံးထဲကတစ်ခုဖြစ်တဲ့ ချန်ပီယံလိပ် ဖလားရဲ့ ၁၆သင်းရူံးထွက် အသင်းဇယားနှင့်အတူ အကောင်းဆုံးပွဲများကို ရွေးချယ်ပေးလိုက်ပါတယ်။ အကောင်းဆုံး ရလဒ်တွေ ရနိုင်ကြပါစေ။

Source – UTD 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။