ဘီးအန်ဒါ၀ုဆိုတဲ့ကောင်လေးကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ မွေးဖွားခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ သူ့မှာ ငယ်စဉ်ကတည်းက မျက်စိ ကင်ဆာဝေဒနာကို ခံစားခဲ့ရပါတယ်။ မျက်စိကင်ဆာဟာ ဦးနှောက်ကို ပြန့်ပွားနိုင်တာကြောင့် သူ့အသက်နှစ်နှစ်အရွယ်မှာပဲ မျက်လုံးနှစ်လုံးကို ထုတ်ပစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့မှာ အသံရဲ့ပဲ့တင်သံကို နားထောင်ပြီး အရာရာကို မြင်နိုင်တဲ့ စွမ်းရည်တွေရှိလာခဲ့ပါတယ်။ 

သူ့ရဲ့ ထိုကဲ့သို့ မြင်နိုင်တဲ့ စွမ်းရည်ဟာ ရေငုပ်သဘောင်္ နည်းပညာမှာ သုံးနေတဲ့ ပဲ့တင်လှိုင်းတွေကို ဖမ်းယူပြီး တည်နေရာကိုသိရှိကာ မှောင်မဲနေတဲ့ ရေအောက်ထဲမှာ သွားလာနိုင်တဲ့ နည်းပညာပုံစံမျိုးဖြစ်ပါတယ်။ အန်ဒါ၀ုလေးဟာ ပစ္စည်းတစ်ခုကိုရှာချင်လျှင် “တောက်” ခေါက်သံလေးကို ပါးစပ်မှ အသုံးပြုပြီး ရှာဖွေပါတယ်။ အဆိုပါ တောက်ခေါက်သံလေးကို အသုံးပြုပြီး အရာဝတ္ထုတွေရဲ့ အကွာအဝေးကို မှန််းဆကာ “ဆွန်နာ “ နည်းပညာကို နည်းပညာကို အသုံးပြုပြီး သူ့အနားက ပစ္စည်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။

သူဟာဆွန်နာ နည်းပညာကို အသုံးပြုပြီး စက်ဘီးလည်းစီးနိုင်သလို စကိတ်လည်းစီးနိုင်ပါတယ်။ ဒါ့အပြင် ဘက်စကတ်ဘောလည်း ကစားနိုင်ပါတယ်။ ဒီလိုထူးခြားတဲ့ စွမ်းရည်တွေကို “ဆွန်နာ” နည်းပညာလို့ခေါ်တဲ့ ပဲ့တင်သံ အာရုံခံစားမှုက ရရှိတာဖြစ်ပါတယ်။ ဒါပေမယ့် အန်ဒါ၀ုလေးဟာ ၂၀၀၉ခုနှစ် သူ့အသက် ၁၆နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ရရှာပါတယ်။သေဆုံတဲ့အကြောင်းရင်းကတော့ ဦးနှောက်ကင်ဆာနဲ့ပဲ သေဆုံးခဲ့ရရှာတာပါ။ ဒီကမ္ဘာမြေပေါ်က လူသားတွေ ထဲမှာတော့ အန်ဒါ၀ုလေးဟာ ပဲ့တင်သံကို အသုံးပြုပြီး သွားလာနိုင်တဲ့ လူသားအဖြစ် လေးစားစရာဖြစ်ခဲ့ရပါတယ်။

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။