ငယ်ငယ်တုန်းက ကြည်ခဲ့ရတဲ့ ကွန်ဖူးပန်ဒါကားလေးကို ကလေးရောလူကြီးတွေပါကြိုက်ကြပါတယ်။ သူရဲ့ ချစ်စရာကောင်းတဲ့အပြုအမှုလေးတွေက ပရိသတ်ကြီးကို သဘောကျစေခဲ့ပါတယ်။ အပြင်မှာလည်း ပန်ဒါ၀က်ဝံလေးတွေဟာ ချစ်စရာကောင်းလှပါတယ်။ မျက်ကွင်းအမည်းလေးတွေရှိပြီး ၀တုတ်တုတ် ခန္ဓာကိုယ်လေးနဲ့မို့လို့သူံတိုကို မြင်တဲ့သူတိုင်းကချစ်ကြပါတယ်။ 

ဒီတစ်ခါဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ တစ်ကောင်တည်းပဲရှိတဲ့ ပန်ဒါညိုလေးဖြစ်ပါတယ်။ အဆိုပါ ပန်ဒါညိုလေးရဲ့ နာမည်ကတော့ Quizai ဖြစ်ပါသည်။ သူအမေက သူ့ကို ၂ လသား အရွယ်ထဲက ပစ်ထားခဲ့ တာလား/ သေသွားတာ လားမသိပေမဲ့ သူ့ ကို ရှာတွေ တဲ့ အချိန်မှာ သူဟာ တစ်ကောင်တည်း နေ နေပါတယ်။ အဆိုပါ ပန်ဒါလေးဟာ မျိုးရိုး ဗီဇ ဖောက်ပြန်ပြီး အညိုရောင်ဖြစ်နေတာ မဟုတ်ပါဘူး ။ သူ့ရဲ့ မျိုးရိုးဗီဇကိုယ်က အညိုရောင်ဖြစ်နေတာပါ။ ပန်ဒါ ညို လေးဟာ အခြား ပန်ဒါ ဝက်ဝံ တွေကို အနိုင် ကျင့်တတ်ပါတယ်။ နောက်ပြီး လမ်းလျောက် ပုံကလည်း နှေးကွေးလှပါ တယ်။ ဒီလို ဗီဇ တွေက လည်း သူ့ကလေး ဘဝမှာ

မိဘတွေ စွန့်ပြစ် ခံရပြီး အခြားဝက်ဝံတွေ အနိုင် အကျင့် ခံ ခဲ့ရလို့ သူဟာ ဘယ်သူ့ ကိုမှ မယုံ တော့ခြင်း လည်းဖြစ်နိုင်ပါတယ်။

သူ့ကို နိုဝင်ဘာလ ၂၀၀၉ခုနှစ် မှာ စတွေ့ ပြီး အဲ့ ဒီတုန်း က သူနှစ်လ သား ပဲရှိပါသေးတယ်။ ၂၀၀၀ ခုနှစ်လောက် က သူ့လို ပန်ဒါမျိုး ကို သားဖောက် ကြည့် ပါသော် လည်း မွေးမွေး

ပြီး သိပ်မကြာတဲ့ အချိန်မှာ ပန်ဒါလေးတွေ သေဆုံးခဲ့ဖူးပါတယ်။ အခုတော့ ကမ္ဘာပေါ်မှာ တစ်ကောင်တည်း ရှိတဲ့ ပန်ဒါ ညိုလေးဟာ အလေးချိန် ပေါင် ၂၂၀ ရှိပြီး တစ်ရက်ကို ဝါး အလေးချိန် ၄၄ ပေါင် စားသုံးနေပါပြီ။ 

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။