စတုတ်စီးတီးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းနဲ့ အံဝင်ကွင်ကျဖြစ်မဲ့ ကစားသမားအချို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းခေါ်ယူဖို့ ကစားသမားတွေထဲမှာ အာဆင်နယ်အသင်းရဲ့ ကစားသမား ဝဲကော့စ် လည်းပါဝင်နေခဲ့တာဖြစ်ပါတယ်။စတုတ်စီးတီးအသင်းရဲ့ နည်းပြ မာ့ဟုစ်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ကွင်ကျဖြစ်စေမဲ့ ကစားသမား ငါးယောက်လောက်ကိုရှာဖွေနေတာလည်းဖြစ်ပါတယ်။

စတုတ်စီးတီးအသင်းဟာ ရာသီအစက လူအင်အားဖြည့်တင်းမှုတွေပြုလုပ်ခဲ့ပေမဲ့ ထင်သလောက်ရလဒ်တွေမကောင်းနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် စတုတ်စီးတီးအသင်းရဲ့ နည်းပြ မာ့ဟုစ်ဟာ သူရဲ့ ကစားကွက်ဖြစ်တဲ့ ၃- ၄-၃ ကစားကွက်မှာ ဝဲကော့စ်ကို ထည့်သွင်းကစားလိုနေတာလည်းဖြစ်ပါတယ်။ရှာကွီရီ၊ ဂျေစီ၊ ဒီအော့ဖ် တို့နဲ့ တွဲဖက်ကစားစေလိုနေတာလည်းဖြစ်ပါတယ်။

ဝဲကော့စ်ဟာ အာဆင်နယ်အသင်းမှာ ဒဏ်ရာပြသာနာတွေ ရှိနေခဲ့ပြီးနောက် ပြန်လာသက်သာလာခဲ့ပေမဲ့ အသင်းနဲ့ အတူပွဲထွက်ခွင့် ရရှိဖို့ ခက်ခဲနေတာလည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းဟာ ရာသီကုန်ရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အလယ်နေရာလောက်မှာ ရှိနေဖို့အတွက်က သူတို့ရဲ့ ပစ်မှတ်လည်းဖြစ်ပါတယ်။စတုတ်စီးတီးအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဝဲကော့စ်ကို အရခေါ်ယူသွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမယ်ဗျာ 

source - Transfer News Central

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။