ရခိုင်ပြည်နယ်တွင် အခြေခံကျောင်းများရှိသော်လည်း ပညာရေးပိုမိုမြင့်တင်နိုင်ရန်အတွက် အခြေခံကျောင်းများ ထပ်မံဆောက်ရန် စီစဉ်လျက်ရှိသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်၌ စာသင်ကျောင်း ၂၀၀ ဆောက်လုပ်ရန် လျာထားပါတယ်။ သို့သော် စာသင်ကျောင်း၂၀၀အနက် ၃၅ ကျောင်းသည် ဆောက်လုပ်ရန် မလိုဟုဆို ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သုံးသပ်ခဲ့ပါတယ် ။ထို့ကြောင့် အဆိုပါ ၃၅ ကျောင်းအတွက် ကုန်ကျမည့် ကျပ်သန်း ၂,၇၀၀ ကိုပြန်လည်အပ်နှံမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရခိုင် ပြည်နယ် ပညာရေးမှူးရုံးက ဒီဇင်ဘာ ၁ ရက်တွင် တင်ပြခဲ့ပါတယ်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်ပညာရေး ဘတ်ဂျက်မှ စာသင်ကျောင်း ဆောက်လုပ်ရန် ရရှိထားသည့် ကျပ်သန်း ၂,၇၀၀ ကို နိုင်ငံတော် သို့ ပြန်အပ်ရန် တင်ပြသော်လည်း မူလက သတ်မှတ်ထားသော ကျောင်းအရေအတွက် အတိုင်းသာ ဆောက်လုပ်ရန်ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ်။ ဒီဇင် ဘာ ၈ ရက်က နေပြည်တော်၌ ပညာရေးဝန်ကြီးဌာန တာဝန်ရှိ သူများနှင့် ရခိုင်ပြည်နယ်ပညာ ရေးမှူးရုံး တာဝန်ရှိသူများတွေ့ ဆုံစဉ် ထိုကဲ့သို့ ညွန်ကြားခဲ့တာပါ။ မိုရာမုန်တိုင်း တိုက်ခတ်မှု အပါအဝင် တည်ဆောက်ရန်လို အပ်သည့်စာသင်ကျောင်းများ အနက် ထို ၃၅ ကျောင်းကို နိုင်ငံ တကာ အင်န်ဂျီအိုများနှင့် ပြည် တွင်း၊ ပြည်ပ အလှူရှင်များ၏ ကူ ညီမှုများကြောင့် ဆောက်လုပ်ပြီး စီးခဲ့ပြီးဖြစ်ပါတယ်။  

ထို့ကြောင့် အစိုးရဘတ်ဂျက်ဖြင့် ထိုကျောင်းများ ဆောက်လုပ်ရန် မလိုတော့ခြင်းကြောင့် ပြန်အပ်ရန် မူလက တင်ပြခဲ့ကြောင်း ရခိုင် ပြည်နယ်ပညာရေးမှူး ဦးအောင် ကျော်ထွန်းက ပြောခဲ့တာပါ။ ထိုကဲ့သို့ ဒီဇင်ဘာ ၁ ရက်စွဲဖြင့် ဘတ်ဂျက်ကျပ်သန်း ၂,၇၀၀ ကို နိုင်ငံ တော်သို့ ပြန်လည်အပ်နှံမည်ဟု ပြည်နယ်ပညာရေးရုံး လက် ထောက်ညွှန်ကြားရေးမှူး ဦးစန်း မြင့်လက်မှတ်ရေးထိုးသည့် ထုတ် ပြန်စာ ထွက်ပေါ်လာပြီးနောက် ဘတ်ဂျက်ငွေပြန်အမ်းမည့်အပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သသည်ဟု သိရှိရပါတယ်။ ယခုအခါ ရခိုင်ပြည်နယ်တွင် ၃,၁၃၄ ကျောင်းရှိပြီးယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ ပြည်နယ်အတွင်းရှိ ၁၇ မြို့နယ်တွင် စာသင်ကျောင်း ဆောင်သစ်များ ဆောက်လုပ်ခွင့် ရထားကြောင်း သိရှိရပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။