သထုံမြို့ချမ်းမြေ့တည်းခိုခန်းမန်နေဂျာကို စွပ်စွဲမှုတစ်ခုဖြင့် စစ်ဆေးရာမှု သေဆုံးသွားခဲ့သောကြောင့် စစ်ဆေးခဲ့သည့် သထုံမြို့နယ် ရဲတပ်ဖွဲ့ဝင်(၇)ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၉ ပါ ပြည်သူ့ ဝန်ထမ်းက လုပ်ပိုင်ခွင့်ဘောင်ကျော် ပြုလုပ်သည်ဆို

၍ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄ အရ အလုပ်နှင့်ထောင်ဒဏ် ၈ နှစ်စီကျခံစေရန် နိုဝင်ဘာ ၂၃ ရက်နေ့တွင် သထုံခရိုင်တရားသူကြီးဒေါ်ဖြူဖြူသွယ်ကအမိန့်ချလိုက်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် မတ် ၂ ရက်က မွန်ပြည်နယ် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ချမ်းမြေ့တည်းခိုခန်းတွင် ငွေ ကျပ်သိန်း (၁၁၀) ကျော် ပျောက်ဆုံးမှု သံသယဖြင့် အချုပ်အနှောင်ခံထားရသည့် တည်းခိုခန်းမန်နေဂျာ ကိုကျော်သက်အောင်အား ခရိုင်မှုခင်း အကူဌာနမှ ရဲများက သထုံမြို့မ ရဲစခန်းအချုပ်ခန်းမှ ထုတ်ယူပြီး စစ်ဆေးစဉ် နံရိုး ၃ ချောင်း ကျိုးပြီး၊ အသည်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်ဆေးရုံ၏ ဆေးမှတ်တမ်းအရ သိရသည်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။