ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလက် ကို ခေါ်ယူနိုင်ရန် အတွက် ပြောင်းရွှေ့ကြေးအပြင် သူတို့ရဲ့လူငယ်ကစားသမား ဗတ်စ်ကွက် ကိုပါ အလိုက်ပေးဖို့ပြင်ဆင်နေပါတယ်။ ဆာလက် ဟာ ယခုနှစ်မှ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကိုရောက်ရှိလာပေမယ့်လည်း အချိန်တိုအတွင်း အသင်းနဲ့ အထိုင်ကျကာ ခြေစွမ်းပြကစားနေတာလည်းဖြစ်ပါတယ်။ အဆိုပါ အီဂျစ်နိုင်ငံသား ဆာလက် ဟာ ပရီးမီးယားလိဂ်ပွဲ ၁၆ပွဲ ပြီးဆုံးချိန်မှာ ၁၃ဂိုးသွင်းယူထားနိုင်တဲ့ ကစားသမားတစ်ယောက် လည်းဖြစ်ပါတယ်။  

အကောင်းဆုံးခြေစွမ်းရရှိနေတဲ့ ဆာလက်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းက မျက်စိကျနေတာလည်း ဖြစ်ပါတယ်။ဒါကြောင့် ဆာလက်ကို ခေါ်ယူဖို့အတွက် ဗတ်စ်ကွက်ကိုပါ အလိုက်ပေးဖို့ ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ဂါရတ်ဘေးလ် ဒဏ်ရာပြသာနာ တွေနဲ့ ကြံူနေရတာကြောင့် အသင်းရဲ့တောင်ပံနေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူနေတာလဲဖြစ်ပါတယ်။ ဒါ့အပြင် ဂါရတ်ဘေးလ်ကိုလည်း ရောင်းထုတ်သွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ဆာလက်ကို အန်ဖီးလ်မှာသာ ဆက်လက်ထိန်းသိမ်းသွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ နည်းပြဂျာဂင်ကလော့ပ် အနေနဲ့ ဖာမီနို ၊ ကာ်တင်ဟို ၊ဆာလက်၊ မာနေး တိုက်စစ်အတွဲကို ထိန်းသိမ်းဖို့ရှိနေတာဖြစ်ပြီး စတာရစ်ချ် ကိုသာ ရာင်းချသွားဖို့ရှိနေတာလည်း ဖစ်ပါတယ်။ သို့သော် ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ အပြောင်းအရွှေ့ကာလမှာ ဆာလက်ကို ဘာနေဗျူးကွင်းဆီကို ရာက်သွားမလားဆိုတာ စာင့်ကြည့်ချင်စရာ ကာင်းလှပါတယ်ဗျား