မဟာအသင်းနဲ့သန်းပိုင်ရဲ့အပြောင်းအရွှေ ့ပုံပြင်

သန်းပိုင်ဟာရန်ကုန်ယူနိုက်တက်မှာကစားနေတဲ့

မြန်မာ ့လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှှုးပါ။

ကမ္ဘာ ့ဖလားပြိုင်ပွဲဝင် မြန်မာယူ-၂၀နဲ့အတူကျော်ကြားလာခဲ့တဲ့

သူဟာမြန်မာပရိသတ်တွေရဲ့အသည်းကျော်တစ်ဦးပါ။

ခြေစွမ်းခြေစထက်မြက်တဲ့တိုက်စစ်မှှုးတစ်ယောက်

ဖြစ်ပေမယ် ့ကလပ်အသင်းမှာပွဲထွက်ခွင် ့နည်းပါးနေတာက

သူ ့အနာဂတ်အတွက်အခက်အခဲဖြစ်နေပါတယ်။

ယူ-၂၀မှာတွဲကစားခဲ့တဲ့အောင်သူဟာအခုအချိန်မှာ

တဟုန်ထိုးအောင်မြင်နေပြီးသန်းပိုင်အောင်မြင်သင့်သလောက်မအောင်

မြင်တာဟာပွဲထွက်ခွင် ့နည်းပါးလို ့ပါ။

ရန်ကုန်အသင်းမျာလည်းကျော်ကိုကိုရှိနေတဲ့အတွက်

သူ့အနေနဲ့ပွဲထွက်ခွင့်ရဖို ့တော်တော်ရုန်းကန်ရမယ့်အနေအထားပါ။

မနှစ်ကလည်းသန်းပိုင်ဟာချင်းယူနိုက်ကိုအဌားသွားရောက်ကစားခဲ့ပါတယ်။

အခုလည်းတန်းတက်အသင်းမဟာယူနိုက်တက်အသင်းက

သန်းပိုင်ကိုအဌားခေါ်ယူဖို ့ကြိုးစားနေပါတယ်။

မဟာကိုသွားမသွားကတော ့သန်းပိုင်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ

မူတည်ပါတယ်။

ဇာတ်မင်းသားဖိုးချစ်ပိုင်ဆိုင်တဲ့မဟာအသင်းဟာ

နောက်နှစ်ဘောလုံးရာသီမှာMNLကိုတန်းတက်ခွင့်ရထားပြီး

ပြင်ဆင်မှှုအကြီးစားတွေလုပ်နေပါတယ်။စစ်ကိုင်းတိုင်း

ဒေသကြီးကိုယ်စားပြုအဖြစ်ယှဉ်ပြိုင်မယ် ့မဟာအသင်းကို

မြန်မာ့လက်ရွေးစင်ဟောင်းဇော်လင်းထွန်း (၂)ကတာဝန်ယူ

ကိုင်တွယ်နေပါတယ်။ကစားသမားခေါ်ယူမျှုအဖြစ်

မြန်မာ့လက်ရွေးစင်နောက်ခံလူဟောင်းမိုးဝင်းနဲ ့

နိုင်ငံခြားသားကစားသမားအီသူဟိုကို

ခေါ်ယူထားပြီးရှိနှင့်ပြီးသားကစားသမား

ဖရိုင်းဒေးနဲ့ဆင်မြူရယ်ကိုလည်းစာခ ျူပ်သက်တမ်းတိုးထားပါတယ်။

Source-Mahar United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။