အမျိုးသမီးအများစုမှာ မျက်ကွင်းညိုတတ်ကြပါတယ်။ အရေပြားခွဲစိတ် ပြုပြင်လို့လဲမရလှတဲ့အပြင် ပြုပြင်ခဲ့ရင်တောင်မှ အရမ်းခက်ခဲတဲ့ အရာတစ်ခုပါ။ တစ်ချို့ကတော့ မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုနိုင်သ လိုအိပ်ရေးပျက်တာခြင်းကြောင့် လည်းဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ကိုအနည်းဆုံး ရ နာရီမှ ၈ နာရီထိအိပ်သင့်ပါတယ်။ အနေအထိုင်အစားသောက် မှုမမှန်ခြင်း ကြောင့်လည်းဖြစ်နိုင်ပါတယ်နော်။ စိတ်ဖိစီးခြင်းကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့်လည်း မျက်ကွင်းညိုနိုင်သလို အငွေ့ရှူခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေကို အိမ်မှာပဲ လုပ်လို့ရမဲ့ ကုထုံးလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

အာလူကို အခွံနွာကြိတ်ချေပြီး အနှစ်ကိုမျက်ကွင်းတဝိုက် လိမ်းအိပ်ပေးပါ။ တစ်ပတ်ကို (၃) ကြိမ်လုပ််နိုင် ပါတယ်။ သခွားသီးကိုပါးပါးလှီးပြီး မျက်လုံးကို (၁၅) မိနစ်လောက်ကပ်ထားပေးပါ မျက်လုံးကိုအေးမြစေတဲ့ အပြင်မျက်ကွင်းညိုခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ပြီင်္းတော့ လ္ဘက်ခြောက်ထုပ် ကိုမျက်လုံးတစ်ဖက် စီတစ်ထုပ်တင်ပေးပါ အရေပြားလန်းဆန်းသွားပြီး မျက်ကွင်းညိုတာ သက်သာစေပါတယ်။ ဗာဒံစေ့ အဆီကိုလည်း မျက်ကွင်းဝိုင်းပေးပါ ပြီးမှအိပ်ပါ။ (၂)ပတ်တိတိ လိမ်ပေးပါကလည်းပျေက်စေ နိုင်ပါတယ်။ ပူစီနံရွက်ကို ကြိတ်ပြီး မျက်လုံးကွင်းပေးပါကလည်း ပျေက်ကင်းနိုုင်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အသားအရေဟာလည်း အလှပရေးရာမှာ အဓိကပါဝင်ပါတယ်။ ဒါကြောင့် ရေအလုံအလောက် သောက်ပေး ပါ၊ မျက်ကွင်းညိုခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဗီတာမင်တွေကတော့ အထူးပြောစရာမလိုပါဘူး ကိုယ်အနီးနားမှာရှိတဲ့ ဟင်းသီးဟင်ရွက်တွေ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ များများစားပေးဖို့ အကြံပြုချင်ပါတယ်။

နောက်တစ်ခုကတော့ ခရမ်းချဉ်သီးအနှစ်ကို သံပုရာရည်ရောစပ်ပြီး မျက်ကွင်းတစ်ဝိုက် လိမ်းပေးပါ။ မျက်လုံးထဲ မဝင်အောင်တော့ သတိထားပေးပါနော်။ အစားအစာဓာတ်မတည့်ခြင်း၊ နှစ်အကြာကြီး ဆေးဝါးတွေသောက်သုံးရခြင်း၊တို့သည်လည်း မျက်ကွင်းညိုစေနိုင်ပါတယ်။ အဓိကတရားခံကတော့ ဆား များများစားသုံးခြင်းကြောင့်လည်း မျက်ကွင်းညိုရပါတယ်တဲ့။ ဒါကြောင့် ဆား (သို့မဟုတ်) ဆိုဒီယမ်ကြွယ်ဝ လွန်တဲ့ အစားစာများကိုလျော့စားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာပျော်ရွင်ပြီး လှပတဲ့မျက်ဝန်း တစ်စုံကိုပိုင်ဆိုင်နိုင်ကြပါစေ။

Source : ပေါက်ပေါက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။